ပုဂံဘုရားတစ်ဆူ ပြိုကျ
ပုဂံမြို့သစ် အနောက်မြောက်ဖက်မှာရှိတဲ့ ပုဂံဘုရားတစ်ဆူ ဒီနေ့ နေ့လည်ပိုင်းက ပြိုကျပျက်စီးခဲ့ တယ်လို့ ရှေးဟောင်းသုတေသန ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။
-
2018-03-04 -
-
-
ပုဂံမြို့သစ် အနောက်မြောက်ဖက်မှာရှိတဲ့ ပုဂံဘုရားတစ်ဆူ ဒီနေ့ နေ့လည်ပိုင်းက ပြိုကျပျက်စီးခဲ့တယ် လို့ ရှေးဟောင်းသုတေသန ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပါတယ်။
ပုဂံဘုရားအမှတ် ၁၀၆၆ ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး ဘုရားရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဦးအောင်အောင်ကျော်က ပြောပါတယ်။
"ဝိတ်ကိုမခံနိုင်တော့ပဲနဲ့ အပေါ်ရဲ့ ဝိတ်ဒဏ်ကြောင့်မို့လို့ ဘေးကနံရံသုံးဖက် ပွင့်ကျသွားတဲ့ သဘော ဖြစ်ပါတယ်။ ကန်ထရိုက်စနစ်နဲ့ ပြင်ဆင်ခဲ့တဲ့ထဲမှာပါတဲ့ နောက်ပိုင်းပြင်ဆင်ထားတဲ့ ဘုရားတစ်ဆူလည်းဖြစ်ပါတယ်"
ပုဂံဘုရားအမှတ် ၁၀၆၆ ဟာ ၁၉၇၅ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အားလုံးပြိုကျပျက်စီးခဲ့တာကြောင့် ၁၉၉၆ ခုနှစ်မှာ ကန်ထရိုက်စနစ်နဲ့ ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့တဲ့ ဘုရားတစ်ဆူဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ၂၀၁၆ ခုနှစ် က ငလျင်လှုပ်ခတ်ရာမှာလည်း ထိခိုက်ခဲ့တဲ့ ဘုရားတစ်ဆူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မေလမှာ အရေးပေါ် ပြင်ဆင်မှု ပြုလုပ်ခဲ့ရတဲ့ ဘုရားတွေထဲမှာ ပါဝင်ခဲ့တဲ့ ဘုရားတစ်ဆူ ဖြစ်တယ်လို့ ဦးအောင်အောင်ကျော် က ပြောပါတယ်။
လက်ရှိပြိုကျသွားတဲ့ဘုရားကို ပြန်လည်တည်ဆောက်သွားဖို့ ရှိ မရှိကိုတော့ လတ်တလော အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။