တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ကို ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့လိုက်ပြီဖြစ်တဲ့ အတွက် ဒေသခံ ရပ်မိရပ်ဖတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ဒီနေ့မှာ ဖျက်သိမ်း လိုက်ပြီလို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့လိုက်ပြီဖြစ်တဲ့အတွက် ဒေသခံရပ်မိရပ်ဖတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ဒီနေ့မှာ ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။

အဲဒီဒေသမှာဘာသာရေး ပြဿနာတစုံတခုဖြစ်ခဲ့ရင် ဒေသခံတွေကို အကူအညီပေးတာနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ရအောင် အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ အခုဖျက်သိမ်းလိုက်တဲ့အဖွဲ့က ဦးကြည်လွင်ကပြောပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ဒေသခံရပ်မိရပ်ဖတွေက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက အခုလ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။

အခုဖျက်သိမ်းလိုက်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှာ အမျိုးသားဒီမိုကရေစီကွန်ရက်၊ လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့်ရေးကွန်ရက်နဲ့ အမေ့ကြယ်ပွင့်လေးများကွန်ရက်တို့က အဖွဲ့ ဝင်တွေနဲ့ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။

ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းလိုက်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှာတော့ ဒေသခံတွေပါဝင်မှုမရှိဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org