တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင်ရောင်းချပြီး ခွဲဝေယူဖို့ အထူးအယူခံလွှာတင်သွင်း


2018.10.17
aungsanoo-622.jpg ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းက နေအိမ်နဲ့ ခြံဝင်းကို လေလံပစ်ပြီး ရတဲ့ငွေကို တစ်ယောက် တစ်ဝက်စီခွဲဝေဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦး က နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အထူးအယူခံ ဒီနေ့ လျှောက်ထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ အမွေခွဲဝေရရှိရေးအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး တို့ကို တစ်ယောက် တစ်ဝက် ခွဲဝေယူဖို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ဆုံးဖြတ်ခဲ့ပေမယ့် နှစ်ထပ်တိုက်အိမ်ပါဝင်တဲ့အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့တာကို မကျေနပ်တဲ့ အတွက်ကြောင့် အခုလို အယူခံဝင်တာလို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်ကို သိန်း ၁ သောင်း ၈ ထောင် အကုန်ခံ ပြန်လည် ပြင်ဆင်ခဲ့တဲ့ ဒေါ်ခင်ကြည်နဲ့ အမျိုးတော်စပ်တဲ့ ဦးခင်မောင်အေး (ကွယ်လွန်သူ စာရေးဆရာ ခင်မောင်အေး (မန္တလေး) ) ကိုလည်း ပေ ၁၀၀ - ၇၀ မြေကွက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာကိုလည်း ကန့်ကွက်ထားတယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေ ဦးအေးလွင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။