အောင်ပန်းမှာ ဆက်တိုက်ပစ်ခတ်နေ၊ ရှစ်ဦးထက်မနည်းသေဆုံး

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှာ ဒီကနေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသူတွေ ရှိနေပါတယ်။

ညနေ ၅ နာရီခွဲထိ ကနဦးသတင်းရရှိချက်အရ သေဆုံးသူ ရှစ်ဦးအထိ ရှိလာပြီလို့ လူမှုကူညီရေး အကူအညီပေးနေသူတွေက RFA ကိုပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတချို့ကို စစ်တပ်က သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ညနေ ၅ နာရီထိ စစ်တပ်နဲ့ ရဲတွေက မြို့တွင်း ပစ်ခတ်နေဆဲဖြစ်တာကြောင့် သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့လည်းဆိုပါတယ်။

အောင်ပန်းမှာ ဒီကနေ့ နံနက် ဆန္ဒပြဖို့ လူစုဝေးဖို့ လုပ်နေကြစဉ် နံနက် ၉ နာရီလောက်ကတည်းကစပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။