ဘုရားသုံးဆူမြို့တွင်း တိုက်ပွဲကြောင့် ထိုင်းနယ်စပ်မှာ လုံခြုံရေးတင်းကျပ်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ စနေနေ့မနက်က တိုက်ပွဲတွေ ထပ်ပြီးဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ခြံစည်းရိုးတလျှောက် လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘုရားသုံးဆူရဲစခန်း မီးရှို့ခံရသည်ကို တွေ့ရစဉ်။ Citizen Journalist

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ စနေနေ့မနက်က တိုက်ပွဲတွေ ထပ်ပြီးဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ခြံစည်းရိုးတလျှောက် လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

ဘုရားသုံးဆူမြို့ထဲက စစ်ကောင်စီရဲစခန်းကို အမည်မသိအဖွဲ့က မနေ့က တိုက်ခိုက်ခဲ့တဲ့နောက် ဘုရားသုံးဆူ နဲ့ ကပ်လျက် ဆောင်ခလဘူရီခရိုင် နယ်စပ်တလျှောက် လုံခြုံရေးသတိ အပြည့်ရှိကြဖို့ ထိုင်းတပ်ဖွဲ့ဝင်တွေကို နယ်စပ်လုံခြုံရေးဆိုင်ရာ လက်ယာလုပ်ငန်းတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး Thatchadet Arbuarat က အမိန့်ပေးထားပါတယ်။

ပြည်သူတွေ ဘေးကင်းလုံခြုံဖို့အတွက်လည်း နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။

သတင်းရင်းမြစ်တစ်ခုကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဖမ်းဆီးခံနေရတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ကယ်တင်ဖို့အတွက် ရဲစခန်းကို တိုက်ခိုက်ခဲ့တာလို့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org