ဒေါ်အောင်ဆန်းစုကြည် မီးဘေးဒုက္ခသည်တွေကို တွေ့ဆုံ

မနေ့က မင်္ဂလာတောင်ညွန့်မှာ မီးလောင်ပေါက်ကွဲမှုကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြတဲ့ ဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လာရောက်တွေ့ဆုံပြီး လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းသွားပါတယ်။

2011.12.30
assk-fire-victims-305 ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် မီးဘေးဒုက္ခသည်များကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးနေစဉ်။
RFA

ဒီကနေ့ မနက်ပိုင်း ၁၁ နာရီက မဟာဝိဇယကျောင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးအပါအဝင် အင်န်အယ်လ်ဒီ ပါတီဝင်တွေ လာရောက်ကြည့်ရှုခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပညိန္ဒက မိန့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လိုအပ်တဲ့ ပစ္စည်းများ လှူဒါန်းပြီး ဒုက္ခသည်တွေကို အားပေးစကား ပြောသွားကြောင်း သိရပါတယ်။

အင်န်အယ်လ်ဒီ ပါတီက ဒီကနေ့ မင်းဓမ္မကုန်း MCC မှာ ပြုလုပ်တဲ့ တိုင်းရင်းသားဒေသအတွက် ပညာရေးရန်ပုံငွေ ရှာဖွေပွဲမှာလည်း မီးဘေးဒုက္ခသည်တွေ အတွက်ပါ အလှူငွေတွေ ကောက်ခံ စုဆောင်းခဲ့ပါတယ်။

တစ်ဆက်တည်း မင်္ဂလာတောင်ညွန့် မီးဘေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦိးအောင်ဒိုင်းက အာအက်ဖ်အေကို ပြောပါတယ်။

မီးစတင် လောင်ကျွမ်းတဲ့ နေရာအနီးက ပရဆေး ဂိုဒေါင်ထဲမှာ ပေါက်ကွဲစေနိုင်တဲ့ ယမ်းစိမ်းတွေ သိုလှောင်ထားတာကို ကြိုတင် မသိရတဲ့အတွက် ၁၅ ပေ ပေ ၂ဝ အကွာကနေ မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့တဲ့ မီးသတ်သမားတွေ သေရတာ ဖြစ်ကြောင်း မီးငြိမ်းသတ်ရာမှာ ကိုယ်တိုင် ပါဝင်တဲ့ မီးသတ်ဦးစီးဌာန အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက ပြောပါတယ်။

မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ဥပဒေရေးရာနဲ့ သိပ္ပံ အမြင်တွေကို ဒေါ်စမ်းစမ်းတင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

ဒီကနေ့ မီးဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးအပါအဝင် အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ သွားရောက်တွေ့ဆုံ အားပေးစကားပြောပြီး လှူဒါန်းခဲ့တာနဲ့ ပတ်သက်လို့ မဟာဝိဇယကျောင်း ဆရာတော်ဦးပညိန္ဒကို ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် လျှောက်ထားခဲ့ပါတယ်။

လျှောက်ထားမေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။