ဒီကနေ့ ရောင်းရတဲ့ ပန်းချီကား အားလုံးဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ပန်းချီကားတွေ ဖြစ်တယ်လို့လည်း NLD ပြောရေးဆိုခွင့် ရှိသူ ဦးအုံးကြိုင်ကပြောပါတယ်။ မနေ့က စတင် ဖွင့်လှစ်ပြသခဲ့တဲ့ ဒီပန်းချီပြပွဲ ကို ၂၆ ရက်နေ့ အထိ ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။
ရုပ်ပုံလွှာမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ၈ ကား ရောင်းချ
မြန်မာများရဲ့ ရုပ်ပုံလွှာလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပြသနေရာမှာ ဒီကနေ့ နေ့လည်ပိုင်း အထိ ပန်းချီကား ရှစ်ကား၊ တန်ဖိုး ၁၃ သိန်း ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
