နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြား
2012.06.16

နော်ဝေနိုင်ငံ အော်စလိုမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ နော်ဝေစံတော်ချိန် နေ့လည် ၁နာရီမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။
“ငြိမ်းချမ်းမှု ဆိုတဲ့ အဓိပ္ပါယ်ဟာ အတူတကွ လက်တွဲနေထိုင်နိုင်မှုု ဘဝတွေကို ပျက်စီးစေတဲ့ အရာအားလုံး ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ဘဝလို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ခံယူကြောင်း၊ ငြိမ်းချမ်းဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကိုကလည်း အပူမီးတွေ ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ လူသားတွေရဲ့ ခံစားမှုတွေဟာ ဒီကနေ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူမီးလို တောက်လောင်နေပါတယ်။ ကျွန်မရဲ့ တိုင်းပြည် မြန်မာပြည် မြောက်ပိုင်းမှာဆိုရင်လည်း ပဋိပက္ခတွေ မချုပ်ငြိမ်းသေးသလို ကျွန်မ ဒီခရီးစဉ် မထွက်လာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာပြည် အနောက်ပိုင်းမှာ အကြမ်းဖက် ပဋိပက္ခတွေကြောင့် မီးလောင်တာ သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ အလားတူပါပဲ တခြားဒေသတွေမှာလည်း အငတ်ဘေး၊ အလုပ်လက်မဲ့ ၊ ဆင်းရဲမွဲတေမှု စတဲ့ စတဲ့ အရာအားလုံးဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေ ဖြစ်ပါတယ်။”
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး လှုပ်ရှားမှု အခန်းကဏ္ဍကို မှတ်တမ်းတင် ဂုဏ်ပြုပေးလိုက်တာလို့ ခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တနည်းအားဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကို တကမ္ဘာလုံးက မမေ့ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲလို့ ပြောကြားခဲ့ပါတယ်။
ဒီနေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ နိုဘယ်လ်ဆု ချီးမြင့်ပွဲကို တက်ရောက်နေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို RFA ဝါရှင်တန်ဒီစီရုံးချုပ်ကနေ ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |