မုံရွာမြို့ Mytel ရုံးစောင့်ရဲ ပစ်သတ်ခံရပြီး သေနတ်ပါသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်က စစ်ကောင်စီပိုင် Mytel ရုံးရှေ့မှာ စောင့်နေတဲ့ ရဲတပ်သားတစ်ဦး စက်တင်ဘာလ ၂၃ ရက် မနေ့ ညနေပိုင်းမှာ ပစ်သတ်ခံရပြီး အဲဒီရဲကိုင်ဆောင်ထားတဲ့ သေနတ်တစ်လက်ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့က Mytel ရုံးစောင့်ရဲကို ပစ်သတ်ပြီး ယူသွားတဲ့လက်နက်ကို တွေ့ရစဥ် Photo: CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်က စစ်ကောင်စီပိုင် Mytel ရုံးရှေ့မှာ စောင့်နေတဲ့ ရဲတပ်သားတစ်ဦး စက်တင်ဘာလ ၂၃ ရက် မနေ့ ညနေပိုင်းမှာ ပစ်သတ်ခံရပြီး အဲဒီရဲကိုင်ဆောင်ထားတဲ့ သေနတ်တစ်လက်ပါ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အပစ်ခံရတဲ့ ရဲသားကတော့ အဲနေရာမှာပဲ ဆုံးသွားတယ်၊ ပစ်ခတ်မှုဖြစ်ပြီးတော့ ဖြစ်တဲ့နေရာကို စစ်ကားတွေနဲ့ စစ်သားတွေ အများကြီးရောက်လာတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ Mytel ရုံးဟာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဗုံးနဲ့အပစ်ခံရပြီး ရုံးအရှေ့ ဘက်ခြမ်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ကိုယ်စားပြု သံမဏိနဲ့ အဖွဲ့သားများအဖွဲ့ MPDF က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲတပ်သားတစ်ဦး သေဆုံးကာ သေနတ်တစ်လက်ကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ MPDF က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို မုံရွာမြို့ရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org