မြန်မာနိုင်ငံမှာ ၄ လကြာ အပစ်ရပ်ဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

2021.09.05
မြန်မာနိုင်ငံမှာ ၄ လကြာ အပစ်ရပ်ဖို့ အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို အာဆီယံအထူးသံတမန် မစ္စတာ Erywan Yusof
Photo: AFP

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ၄ လကြာ အပစ်အခတ်ရပ်စဲကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Erywan Yusof က တောင်းဆိုလိုက်ပါတယ်။

အဲဒီအကူအညီတွေကို စက်တင်ဘာလလယ်လောက်မှာ စတင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဆက်သွယ်ပြောဆိုချိန်မှာ အဆိုပြုခဲ့ တာဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်ကလည်း ဒီကိစ္စကို လက်ခံလိုက်တယ်လို့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး- ၂ က ကျိုဒိုသတင်းဌာနကို စနေနေ့က ပြောပါတယ်။

ဒါဟာ အကူအညီပေးရေးအဖွဲ့တွေရဲ့ လုံခြုံရေးအတွက် တောင်းဆိုတာဖြစ်ပြီး နိုင်ငံရေးအရ ရပ်စဲခိုင်းတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စကို တိုက်ရိုက်မဟုတ်ဘဲ တဆင့် ဆက်သွယ် ကမ်းလှမ်းခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီပြောကြားချက်ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကန့်ကွက်တာ တွေလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။