အလားတူပဲ Freedom to Create Leadership Award ဆုကို ဒီအဖွဲ့က ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒေါက်တာစင်သီယာမောင်ကို အရင်ရက်က ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ကိုဝင်းမော်ဟာ ရွှေသံစဉ် တီးဝိုင်း ခေါင်းဆောင်ဖြစ်ပြီး သူဟာ Burma VJ လို့ အမည်ပေးထားတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု မှတ်တမ်း ရုပ်ရှင် အတွက် ဂီတ ဖန်တီးပေးခဲ့ပါတယ်။ ဒါကြောင့် ကိုဝင်းမော်ဟာ အဲဒီမှတ်တမ်း ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရာမှာ အဓိကကျသူ အဖြစ် စွပ်စွဲခံရပြီး ၂၀၀၈ ခုနှစ်မှာ ထောင်ချခံလိုက်ရတာပါ။ ကိုဝင်းမော်ဟာ ၁၉၉၅ ဝန်းကျင် ကလည်း နိုင်ငံရေး သီချင်းတွေ ရေးစပ် သီဆိုတဲ့ အတွက် ထောင် ၇ နှစ် ကျခံခဲ့ရဖူးပါတယ်။ ကိုဝင်းမော် ဒီဆုရရှိတဲ့ အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနား အတွက် ပေးပို့တဲ့ ဗီဒီယို မိန့်ခွန်းမှာ အခုလို မြန်မာ အနုပညာရှင် တစ်ယောက်က ဒီဆုချီးမြှင့်ခံရလို့ မိမိတို့ အတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း၊ အခုဆုရတဲ့ အနုပညာရှင်ဟာ ဆုပေးချိန်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အတွက်လည်း ဝမ်းနည်းစရာ ဖြစ်ကြောင်း၊ အနုပညာရှင်တွေ ဆိုတာ ကမ္ဘာကြီးကို အလှဆင်နေသူ ဖြစ်ကြောင်း၊ မိမိတို့ မျက်စိတွေကို ဖွင့်ပေးသူလည်း ဖြစ်တဲ့ အတွက် လောကမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြောင်း၊ အနုပညာရှင်တွေကို သူတို့ ယုံကြည်ချက်ကြောင့် ထောင်ချထားတယ် ဆိုတာ ကမ္ဘာကြီးကို ကျဉ်းမြောင်းစေကြောင်း ပြောကြားထားပါတယ်။ ဒါ့အပြင် အခုလို ဆုချီးမြှင့်ပြီး အားပေးတဲ့ အတွက် အထူး ကျေးဇူးတင်ကြောင်း၊ ကိုဝင်းမော်ကိုလည်း သူဖန်တီးတဲ့ ဂီတတွေ အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ သိရပါတယ်။ အခုချီးမြှင့်တဲ့ ဆုအတွက် ငွေသားအဖြစ် အမေရိကန် ဒေါ်လာ ၂ သောင်းခွဲ ပေးအပ်မှာ ဖြစ်ပါတယ်။ ဒီဆုတွေ အတွက် နိုင်ငံပေါင်း ၁၄၅ နိုင်ငံက လူပုဂ္ဂိုလ် ၂ ထောင်လောက်ထဲက ရွေးချယ်ခဲ့တာပါ။ ဒီဆုကို ၂၀၀၈ ခုနှစ်က လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ ရရှိခဲ့ပါတယ်။
လွတ်လပ်စွာ အနုပညာဖန်တီးခွင့် အကျဉ်းကျ အနုပညာရှင်ဆု ရွှေသံစဉ် ကိုဝင်းမော်ကို ချီးမြှင့်
တောင်အာဖရိကနိုင်ငံ Freedom to Create အမည်ရှိ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့် အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် အတွက် Imprisoned Artist Prize အကျဉ်းကျ အနုပညာရှင်ဆုကို ကျောက်ဖြူထောင်မှာ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ ရွှေသံစဉ် တီးဝိုင်း ခေါင်းဆောင် ကိုဝင်းမော်ကို ချီးမြှင့်လိုက်ပါတယ်။
