ARSA အဖွဲ့ကြောင့် လူ ၁၆၃ ဦး သေဆုံး၊ ၉၁ ဦး ပျောက်ဆုံး

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်မှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင် အလောင်း ၁၇ လောင်းကို စက်တင်ဘာလ ၂၅ ရက်နေ့က ထပ်မံတွေ့ရှိရစဉ်
မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်မှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင် အလောင်း ၁၇ လောင်းကို စက်တင်ဘာလ ၂၅ ရက်နေ့က ထပ်မံတွေ့ရှိရစဉ် (Photo: Information Committee's Facebook )

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၆၃ ဦး သေဆုံးပြီး ၉၁ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရအရာရှိတွေက ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါ တယ်။

မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၄၅ ဦးရဲ့ အလောင်းတွေ တွေ့ရှိခဲ့ရပြီးတဲ့နောက် ပြောဆိုတာ ဖြစ်ပါ တယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ သြဂုတ်လအထိ တိုက်ခိုက်မှုတွေကြောင့် ဒေသအရာရှိတွေ၊ အစိုးရဝန်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနည်းဆုံး ၇၉ ဦး သေဆုံးခဲ့ရပြီး ၃၇ ဦး ပျောက်ဆုံးနေကြောင်း ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေက ရဲကင်းစခန်းတွေကို တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး နောက်ထပ် သေဆုံးသူ ၈၄ ဦး၊ ပျောက်ဆုံးသူ ၅၄ ဦး ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကစပြီး အခုထိ အကြမ်းဖက်သမား လေးရာနီးပါး သေဆုံးခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။