ကွတ်ခိုင်မြို့နယ်မှာ ရွာသား ၄ဝ ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ ကျေးရွာအုပ်စုက ရွာသား အယောက် ၄၀ ကို လူသစ်စုဆောင်းတဲ့အနေနဲ့ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တာမိုးညဲ ရဲစခန်းကနေ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲကျေးရွာအုပ်စုက ရွာသားအယောက် ၄ဝ ကို လူသစ်စုဆောင်းတဲ့အနေနဲ့ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ တာမိုးညဲ ရဲစခန်းကနေ သိရပါတယ်။

တာမိုးညဲကျေးရွာအုပ်စု ရှောက်ဟော်ကျေးရွာက ပလောင်တိုင်းရင်သားနဲ့ မုံးဝန်းလူမျိုး အမျိုးသားအယောက် ၄ဝ လောက်ကို မြောက်ပိုင်း ပူးပေါင်း လက်နက်ကိုင်အဖွဲ့က လူသစ်စုဆောင်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရတယ်လို့ တာမိုးညဲ စခန်းမှူး ရဲအုပ် အောင်မင်းက ပြောပါတယ်။

ဖမ်းဆီး ခေါ်ဆောင်သွားခံရတဲ့ အမျိုးသားအယောက် ၄ဝ ဟာ လူငယ်လူရွယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီဒေသတွေဟာ လုံခြုံရေးအရ သွားလာရခက်ခဲတဲ့ နေရာတွေဖြစ်ပြီး  အခုချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org