မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးက CDM ဆရာဝန် အဖမ်းခံရ

2021.04.10
မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးက CDM ဆရာဝန် အဖမ်းခံရ တနင်္သာရီတိုင်း မြိတ်မြို့ပြည်သူ့ဆေးရုံကြီးက ဆရာဝန် ဒေါက်တာ မင်းထက်ပိုင် ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကို တွေ့ရစဉ်
ဓာတ်ပုံ - ဒေါက်တာ မင်းထက်ပိုင် - ဖေစ့်ဘွတ်

စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့ တနင်္သာရီတိုင်း မြိတ်မြို့ပြည်သူ့ဆေးရုံကြီးက ဆရာဝန် ဒေါက်တာ မင်းထက်ပိုင် ဒီနေ့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒေါက်တာ မင်းထက်ပိုင် နဲ့အတူ CDM လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီနေတဲ့ မြိတ်ဒေသခံ ကိုစည်သူဝင်း ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒေါက်တာ မင်းထက်ပိုင် ဟာ စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်ဘဲ CDM မှာပါဝင်ပြီး လိုအပ်တဲ့ လူနာတွေကို ရွေ့လျားစနစ်နဲ့ ကုသပေးနေရင်းက ဖမ်းဆီးခံရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းက ဆရာဝန် တော်တော်များများဟာ လက်ရှိ CDM မှာပါဝင်နေကြပြီး ဆေးရုံမသွားကြပေမယ့် လူနာတွေကိုတော့ ဆက်လက် ကုသပေးနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ CDM မှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေ ထောက်ခံအားပေးတဲ့သူတွေ၊ CRPH ကိုထောက်ခံ အားပေးသူတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ပြီး ဆက်တိုက်လိုက်လံဖမ်းဆီးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။