အိမ်တွေဖယ်ရှားဖို့ အင်းတကော်စစ်တပ် အမိန့်ထုတ်

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ နယ်၊ ရွှေလေးကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁ဝလုံးကျော်ကို ၅ ရက်အတွင်း ဖယ်ရှားပေး ဖို့ အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ်က ညွှန်ကြား ထားကြောင်း သိရပါတယ်

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ ရွှေလေးကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁ဝလုံးကျော်ကို ၅ ရက်အတွင်း ဖယ်ရှားပေးဖို့ အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ် ကညွှန်ကြားထားကြောင်း သိရပါတယ်။ စစ်တပ်ပိုင်နယ်မြေအဖြစ် အုတ်တံတိုင်း ခတ်ရာမှာ အဲ့ဒီအိုးအိမ်တွေရှိတဲ့နေရာကို ထည့်သွင်းကာရံလိုက်ပြီးနောက် အိမ်တွေကိုပြောင်းရွှေ့ပေးဖို့ ကြာသပတေးနေ့က အမိန့်ထုတ်ခဲ့တာဖြစ်တယ်လို့ရွှေလေးကျေးရွာက လယ်သမား ဒေါ်ဌေးပိုက ပြောပါတယ်။

"သူတို့ သတ်မှတ်တဲ့နေရာက မကဘဲနဲ့ ရွှေလေးရွာကို အလယ်ခေါင်ကနေ ကာလိုက်တော့ သူတို့အုတ်တံတိုင်းက အလယ်ခေါင်ဖြစ်သွားတာပေါ့၊ အုတ်တံတိုင်းအတွင်းမှာရှိတဲ့ လယ်သမားတွေကို ဖယ်ပေးပေါ့၊ အားချင်းဖယ်ပေးဖို့ပဲ သူတို့ကပြောနေတာ၊ ချက်ချင်းဖယ်ပေးလို့ရှိရင် တိုင်တွေပျက်သွားရင် သူ့ဆီမှာ မျောချောင်းတွေလာခုတ်၊ ကားတွေဘာတွေလဲပေးမယ်၊ အဲ့လိုပြောတဲ့ အခါကျတော့ ဒီလယ်သမားတွေက မိုးစပါးတွေစိုက်ထားတဲ့ အတွက်မဖယ်ပေးနိုင်ဘူးလေ၊ တန်ခူးလ လို့ပြောတဲ့ အခါကျတော့ တန်ခူးလဆိုရင် ကျုပ်က အထက်လူကြီးကို တင်ပြရဦးမှာ၊ အဲ့လိုတင်ပြလို့ရှိရင် အထက်လူကြီးက လက်သင့်ခံရင်တော့ ရမယ၊် လက်သင့်မခံရင် သူတာဝန်မယူဘူးတဲ့၊ လယ်လုပ်မှ စားရမှာဆိုတော့ ကျမတို့က မဖယ်ပေးနိုင်ဘူး"

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က အင်းတတော်မြို့နယ် အလံကွဲ၊ ကျွဲဒညင်းကုန်း၊ ရွှေလေးရွာ၊ဂုံညှင်းတန်း၊ ကျောက်ကုန်းနဲ့ မြေနီကုန်းရွာစတဲ့ ကျေးရွာ ၈ ရွာက လယ်ဧက ၅၈ဝဝကျော်ကို အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းခဲ့ပါတယ်။

အဲဒီလို သိမ်းဆည်းပြီးနောက် ဒေသခံရွာသားတွေကို အင်းတကော်မြို့နယ် နိုင်သာယာရွာမှာ ပြန်လည်နေရာချထားပေးခဲ့ပေမယ့် လယ်သမားတွေက လက်မခံဘဲမူလနေရာတွေမှာပဲ ပြန်လည်ဝင်ရောက်ပြီး အခုအချိန်ထိ နေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org