ကျောက်တော်မှာ သိမ်းဆည်းလယ်မြေတွေ စစ်တပ်က ပြန်လည်ပေးအပ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းနဲ့ အုတ်တောင်ပြင်ရွာမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို တောင်သူတွေဆီကို ဒီကနေ့ ပြန် လည်ပေးအပ်လိုက်ပါတယ်။

ကျွဲနဲ့ လယ်ထွန်နေသော လယ်သမားတစ်ဦးပုံ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းနဲ့ အုတ်တောင်ပြင်ရွာမှာ တပ်မတော်က သိမ်းဆည်း ထားတဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို တောင် သူတွေဆီကို ဒီကနေ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။

ကျောက်တော်မြို့မှာ မြို့နယ်မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီကနေတစ်ဆင့် တောင် သူတွေဆီကို ပေးအပ်လိုက်တာလို့ ကျောက်တော်မြို့ နယ် ရခိုင်အမျိုးသားပါတီရဲ့ လယ်သမားရေးရာတာဝန်ခံ ဦးမောင်ကျော်သာက ပြောပါတယ်။

"ခုပေးတာက မြို့နယ်အုပ်ချုပ်ရေးကနေ ပြီးတော့ ကျေးရွာအုပ်စု မြေယာစီမံခန့်ခွဲရေးအဖွဲ့ ကိုပေးပါတယ်၊ အဲဒီ့ကနေပြီးတော့ လယ်သမားတွေ လက်ထဲကို ပေးအပ်ပွဲလုပ်တယ်ခင်ဗျ၊ နောက်ကျန်နေသေးတဲ့ဟာတွေကိုလည်း ပြန်ပေးစေချင်တယ်လို့ ကျနော်တို့က ပြောချင်ပါတယ်ခင်ဗျ"

ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနဲ့ အုတ်တောင်ပြင်ကျေးရွာက တောင်သူ ၂၈ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို အဲဒီအနီးမှာအခြေစိုက်တဲ့ ခမရ- ၅၃၉ တပ်ရင်း လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်က သိမ်းဆည်းခဲ့တာဖြစ်ပြီး တောင်သူတချို့ကို သီးစားချပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ မြေယာတွေဖြစ်ပါတယ်။

တောင်သူတွေဟာ ဒီလယ်ယာမြေတွေအပေါ်မှာ ကျူးကျော်ဝင်ရောက်ထွန်ယက်မှုနဲ့ တပ်မတော်က ပြီးခဲ့တဲ့နှစ်က တရားစွဲဆိုခံခဲ့ရပြီး ငွေဒဏ်တွေချမှတ်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း ၃၀၀၀ လောက်ရှိပြီး အဲဒီအထဲက တောင်သူတွေဆီကို ပြန်လည်ပေးအပ်တာက ဧက ၂၀၀ ကျော်လောက်သာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org