ကလေးစစ်သား ၁၇၀၀ ကျော်ကို တပ်မတော်က ပြန်လည်အပ်နှံပြီးဖြစ်

၂၀၀၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ကလေးစစ်သားပေါင်း ၁၇၃၀ နီးပါးကို မိဘတွေထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း က ပြောလိုက်ပါတယ်။

ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

၂၀၀၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ကလေးစစ်သားပေါင်း ၁၇၃၀ နီးပါးကို မိဘတွေထံ ပြန်လည်အပ်နှံ ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း က ပြောလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် နိုင်ငံတော်အဆင့် တိုင်ကြားမှုစနစ် တစ်ခုတည်ထောင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကလေးစစ်သားစုဆောင်းခဲ့တဲ့ အရာရှိ ၁၆၀ နဲ့ တခြားအဆင့် ၆၆၇ ဦး၊ စုစုပေါင်း ၈၂၇ဦးကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အရေးယူခဲ့တယ်လို့လည်းပြောပါတယ်။

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင် ဦးစောတင်ဝင်းက ကော်မတီအနေနဲ့ တစ်လကို ကလေးစစ်သားနဲ့ ပတ်သက်တဲ့ တိုင်စာ ၄၀ လောက် လက်ခံရရှိနေပေမယ့် နှုတ်ထွက်ခွင့်ပြုတဲ့ အရေအတွက် နည်းသေးတယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org