လောက်ကိုင်တိုက်ပွဲကိစ္စ စာနယ်ဇင်းကောင်စီကို ကာကွယ်ရေးဦးချုပ် ရှင်းပြ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေနဲ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်က ကိုးကန့်တပ်တွေရဲ့ အခြေအနေကိုလည်း ရှင်းပြခဲ့ တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှုး ဦးကျော်မင်းဆွေက ပြောပါတယ်။

"တပ်မတော်နဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေ သူတို့ရဲ့တိုက် ရည်ခိုက်ရည်အခြေအနေ၊ ကိုးကန့်တပ်ဖွဲ့တွေက သူတို့လေ့ကျင့်ထားတဲ့ တပ်ဖွဲ့တွေဖြစ်တယ် ဘာညာပေါ့၊ လန်းလန်းဆန်းဆန်းရှိတယ် နီးနီးနားနားကနေပြီးတော့ ခရီးဝေးကလာတဲ့ပုံစံမျိုးမရှိဘူးပေါ့နော် ဆိုလိုချင်တာက၊ နောက်သူတို့ရဲ့ လက်နက်အမျိုးအစားတွေ ဘယ်လိုလက်နက်တွေနဲ့ ပစ်တယ်ခတ်တယ်ဆိုတာပြောတယ်၊ နောက် တပ်မတော်က လေကြောင်းအကူယူရတဲ့ အခြေအနေ ပြောပြတယ်၊ တိုက်ပွဲအခြေအနေပေါ့နော် အဲ့ဒီကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ ကုန်ခဲ့တဲ့လေးငါးခြောက်နှစ် ခုနှစ်နှစ်က အခြေအနေပြောပြ တယ်"

ဒါ့အပြင် မီဒီယာနဲ့ တပ်မတော်အကြား သတင်းစီးဆင်းမှု မြန်ဆန်ရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လည်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က သတင်းမီဒီယာတွေအနေနဲ့ တပ်မတော်နဲ့ ပတ်သက်တဲ့ အရေးအသား အသုံးအနှုန်းကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org