တပ်သိမ်းမြေတွေ ပြန်ရ ဖို့ အောင်ပန်းမြို့မှာ တောင်းဆို

ရှမ်းပြည်နယ်မြို့နယ် အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ဒီနေ့ အောင်ပန်းမြို့ မိုးကောင်းကျောင်းတိုက် မှာ တောင်သူတစ်ရာကျော်က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုကြပါတယ်။

ရှမ်းပြည်နယ်မြို့နယ် အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက သိမ်းယူထားတဲ့လယ်ယာမြေတွေ ပြန်ပေးဖို့ ဒီနေ့ အောင်ပန်းမြို့ မိုးကောင်းကျောင်းတိုက်မှာ တောင်သူတစ်ရာကျော်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုကြပါတယ်။

သတင်းစာရှင်းလင်းပွဲကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

မြေယာဆုံးရှုံးတဲ့ကိစ္စတွေကို လွှတ်တော်ကဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ထံမှာ တိုင်ကြားထားတာ ကြာပြီဖြစ်ပေမယ့် ဘာမှထူးခြားမှုမရှိတာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုရတာဖြစ်ကြောင်း HRDP အဖွဲ့ဝင် ကိုစိုင်းဝဏ္ဏက RFA ကို ပြောပါတယ်။

" ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအသီးသီးမှာရှိတဲ့ လယ်ယာမြေ၊ ဥယာဉ်ခြံမြေပေါ့နော် အစိုးရပိုင်းက သတို့ပြေားထားတယ် အသုံးမပြုပဲ ကျန်နေတဲ့ လယ်ယာမြေတွေကို သူတို့ ပြန်ပေးအပ်မယ်လို့ ပြောထားတယ်၊ အဲ့အပေါ်မှာ ပြည်သူတွေက နဂိုမူလပိုင်ရှင်တွေ ပြန်လုပ်ချင်တယ်ဆိုတဲ့ သဘောနဲ့ စာတင်တယ်၊ အဲ့ပေါ်မှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် ဒီပွဲပြုလုပ်တာ၊ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးလို့ တစ်လခွဲလောက်စောင့်ကြည့်ပြီးတော့ ဒီအတိုင်းပဲဖြစ်နေမယ်ဆိုရင်တော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မတရားသိမ်းဆည်းခံရတဲ့ တောင်သူတွေ စုပြီးတော့မှ တရားဝင်စာတင်ပြီးတော့ ဆန္ဒဖော်ထုတ်သွားမယ်"

တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ရွာငံ၊ ပင်လောင်း စတဲ့မြို့နယ်တွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ မတ်ကျန်းဌာနေပြည်သူစစ်နဲ့ တပ်မတော်၊ အပြင် ပုဂ္ဂလိကကုမ္ပဏီတွေကသိမ်းဆည်းထားတဲ့ မြေဧက ၆၇၀၀ ကျော်ရှိတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org