စစ်တပ်နဲ့ လယ်သမား အငြင်းပွား
ပဲခူးတိုင်း ပဲခူးမြို့နယ် သာယာကုန်းကျေး ရွာအုပ်စု ရွာ ၈ ရွာက လယ်သမားတွေ ရဲ့ မြေတွေကို CAD ခဲယမ်းမီးကျောက်တပ် နဲ့ လေတပ်ကသိမ်းထားပြီး အဲဒီမြေတွေ ကို ခြံစည်းရိုးခတ်နေတဲ့အတွက် လယ်သမားတွေနဲ့ပဋိ ပက္ခဖြစ်နေတယ်လို့သိရပါတယ်။
-
2014-01-30 -
-
-
Your browser doesn’t support HTML5 audio
ပဲခူးတိုင်း ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ရွာ ၈ ရွာက လယ်သမားတွေရဲ့ မြေတွေကို CAD ခဲယမ်းမီးကျောက်တပ်နဲ့ လေတပ်ကသိမ်းထားပြီး အဲဒီမြေတွေကို ခြံစည်းရိုးခတ်နေတဲ့အတွက် လယ်သမားတွေနဲ့ပဋိပက္ခဖြစ်နေတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လယ်သမားတစ်ဦးဖြစ်တဲ့ ကိုစံရွှေက RFA ကို အခုလိုပြောပါတယ်။
“CAD ခဲယမ်းမီးကျောက်တပ်နဲ့ လေတပ်ခဲယမ်းမီးကျောက်တပ် တပ်နှစ်တပ်သိမ်းထားတယ်၊ လယ်ဧက ၅ ထောင်လောက်ခင်ဗျ၊ ရွာပေါင်း ၈ ရွာကိုသိမ်းပြီးတော့ လယ်တွေကို ခြံစည်းရိုးခတ်ဖို့လုပ်နေတာ၊ အဲဒါကို ကျနော်တို့သွားပြီးတော့ တားတဲ့အခါကျတော့ မင်းတို့ဘာလို့လာတားတာလဲ၊ ကျနော်တို့ လယ်တွေခြံတွေပါမှာကြောင့်လို့ လာတားတာပါ၊ သေနတ်တွေနဲ့ ကျနော်တို့ကို တားတာပေ့ါနော်”
ဂုန်ညင်းတန်း၊ နဂါးပွက်၊ ရွှေလှေ၊ ကျွဲဒညင်းကုန်း၊ ကျောက်ကုန်း၊ ထီးပါးတို၊ တုတ်ကြီးကုန်းနဲ့ အလံကွဲ ရွာတွေက လယ်ဧက ၅ ထောင်လောက်ကို လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစလို့ အဲဒီစစ်တပ်တွေက သိမ်းလိုက်ပြီး သူတို့လယ်သမားတွေကို သီးစားခနဲ့ပြန်ချပေးထားတာလို့ဆိုပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ သီးစားခမပေးတော့ပဲ လယ်သမားတွေလုပ်ကိုင်နေပြီး၊ ဒီနောက်ပိုင်း လယ်တွေပြန်ပေးဖို့တောင်းဆိုခဲ့ကြတဲ့အတွက် စစ်တပ်က ပြန်မပေးနိုင်ဘူးဆိုပြီး ခြံစည်းရိုးကာနေတာလို့ပြောပါ တယ်။ ဒါကိုလယ်သမားတွေက သွားရောက်တားမြစ်ခဲ့တယ်လို့ဆိုပါတယ်။
လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့အခြားမြေသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကို တင်ပြထားပေမယ့် အကြောင်းမထူးသလို၊ သူတို့မဲဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ထိရောက်အောင် ဆောင်ရွက်မပေးနိုင်ဘူးလို့ပြောပါတယ်။
လယ်သမား ကိုစံရွှေနဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။