သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာ ကျအောင် လူမှုကွန်ရက် မှာ ရေးသားသူ ထောင် ၉ လချ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ စာသားတွေ ကို ဖေ့ဘွတ်စ် မှာ ရေးသားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ခံ ဦးအောင် ဝင်းလှိုင်(ခေါ်) အညာသားဆိုသူကို ဆက် သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ မြဝတီမြို့နယ် တရားရုံးက မနေ့က အလုပ်နဲ့ထောင်ဒဏ် ၉ လ ချမှတ်လိုက်ပါတယ်။

ဦးအောင်ဝင်းလှိုင်(ခေါ်) အညာသားရဲ့ ဖေ့ဘွတ်စ်ပေါ်မှာ သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ရေးသားမှုကို တွေ့ရစဉ် Photo: Mi Shwe Moe(facebook)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ စာသားတွေကို ဖေ့ဘွတ်စ်မှာ ရေးသားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့ခံ ဦးအောင်ဝင်းလှိုင်(ခေါ်) အညာသားဆိုသူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ မြဝတီမြို့နယ် တရားရုံးက မနေ့က အလုပ်နဲ့ထောင်ဒဏ် ၉ လ ချမှတ်လိုက်ပါတယ်။

တရားလိုဖြစ်တဲ့ မြဝတီမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်မိုးသူက မြဝတီမြို့နယ် ဖံ့ွဖြိုးရေးအထောက်အကူပြု ကော်မတီကို ဖျက်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး သမ္မတ ဦးထင်ကျော် ဂုဏ်သိက္ခာကျအောင် ရေးသားခဲ့တဲ့အတွက် တရားစွဲဆိုခဲ့တာလို့ ပြောပါတယ်။

"သူတင်ထားတာက သမ္မတကြီးက ဒီမြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီပေါ့နော် အဲဒါကိုဖွဲ့တဲ့အခါကျတော့  ဦးအညာသားက သူက ဥက္ကဌဖြစ်သွားတာပေါ့၊ အဲဒီမှာ သူက ခန့်စာကမကျသေးဘူး၊ သမ္မတ ဦးထင်ကျော်အမိန့်နဲ့ အဲဒီအဖွဲ့ကြီးကို ဖျက်သိမ်းပါတယ်ဆိုပြီး ထွက်လာတာပေါ့၊ သူပေါက်ကွဲသွားတာပေါ့၊ အဲမှာ သမ္မတကြီးကို ဂုဏ်သိက္ခာကျအောင် ရေး သားခဲ့တာကြောင့် တရားစွဲလိုက်တာ"

ဒေါ်ခင်မိုးသူက ဦးအောင်ဝင်းလှိုင်ကို ပြီးခဲ့တဲ့ ဇွန်လက တရားစွဲဆိုခဲ့တာဖြစ်ပြီး ဦးအောင်ဝင်းလှိုင်က တရားရုံးမှာ ဝန်ခံတဲ့အတွက် ၄ ကြိမ်မြောက် ရုံးချိန်းမှာ အမိန့်ချလိုက်ပြီး တောင်လေးလုံး အကျဉ်းထောင်ကို ဒီနေ့ ပို့ဆောင်လိုက်ပါတယ်။

ဦးအောင်ဝင်းလှိုင်(ခေါ်) အညာသားဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို ကိုယ်စားပြုပြီး ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org