ရခိုင်အမျိုးသားပါတီ ပထမဆုံးအကြိမ် ညီလာခံ စတင်ကျင်းပ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
-
2014-09-25 -

အဲ့ဒီညီလာခံမှာ ပါတီဖွဲ့စည်းပုံနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ ရွေးချယ်ဖို့ မူဝါဒတွေကို ဆွေးနွေးဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
"ကျနော်တို့အနေနဲ့ ပထမဆုံးပါတီ ညီလာခံဆိုတော့ နှစ်ပါတီပေါင်းစုတဲ့အခါကလည်း ဖြစ်တဲ့ အတွက်ကြောင့်မို့ ပါတီဦးစီးမှုအပိုင်းက မူဝါဒတချို့ ကို ပြန်ပြင်တဲ့ဟာတွေရှိမယ်၊ ဖြည့်စွက်တဲ့ဟာတွေ ရှိမယ်၊ နောက်တခုက လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့မူတွေရှိမယ်၊ အဲဒီ့ဟာက ကျနော်တို့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ လုပ်ထားတဲ့မူဝါဒ ရှင်းလင်းပွဲတစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်"
၅ ရက်ကြာကျင်းပမယ့် ရခိုင်အမျိုးသားပါတီ ညီလာခံကို ပါတီဝင် ၂၀၀ ကျော် တက်ရောက်နေတာ ဖြစ်ပါတယ်။
မနက်ဖြန် ညီလာခံ ဒုတိယနေ့မှာ ပါတီဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး မြို့နယ်အသီးသီးက တင်ပြတဲ့စာတမ်းတွေ ကို ဖတ်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။