နမ့်စန်မှာ လေပြင်းတိုက်ပြီး အိမ်အလုံး ၁ဝဝ ကျော်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ မနေ့ နေ့ လယ်လောက်က လေပြင်း တိုက်ခတ် ခဲ့ပြီး နေအိမ် ၁ဝဝ လောက် ပျက်စီးသွားတယ်လို့ နမ့်စန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနေဇော်နိုင်က ပြော ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ ဧပြီလ ၂၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးသွားတဲ့ နေအိမ်တစ်လုံးကို တွေ့ရစဉ် Photo: Nay Zaw Naing

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ မနေ့ နေ့လယ်လောက်က လေပြင်းတိုက်ခတ်ခဲ့ ပြီး နေအိမ် ၁ဝဝ လောက် ပျက်စီးသွားတယ်လို့ နမ့်စန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနေဇော်နိုင် က ပြောပါတယ်။

အဲ့ဒီနေအိမ် အလုံး ၁ဝဝ ထဲက နေအိမ် ၇ဝ လောက်က ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့တယ်လို့ ဦးနေဇော်နိုင် က ပြောပါတယ်။

"မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ လေပြင်းတိုက်သွားတော့ အိမ်ခြေ ၁၀၀ လောက် ပျက်စီး သွားတယ်။ အဲ့ဒီမှာ ၇၀ လောက်ကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးရတာပေါ့နော်။ သွပ်မိုးတွေလည်း အကုန်လန်တယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်။ သစ်ပင်တွေလည်း အမြစ်က ကျွတ်ထွက်ပြီးတော့ မိုးကြိုးပစ်လို့ နွားတစ်ကောင် သေသွားတယ်ခင်ဗျ"

နေအိမ်ပျက်စီးသွားတဲ့ မိသားစုတွေဟာ နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ စာသင်ကျောင်းတွေမှာ ခဏတည်းခိုနေရတယ် လို့ပြောပါတယ်။

သူတို့တွေ နေအိမ်ပြန်ဆောက်တဲ့အခါမှာ အထောက်အကူဖြစ်နိုင်ဖို့နဲ့ လောလောဆယ် စား၊ ဝတ်၊ နေရေးတို့ အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီး ကူညီနေကြတယ်လို့ သိရပါတယ်။

မန္တလေး၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေတာကြောင့် ဂရုစိုက်နေကြဖို့ မိုးလေဝသပညာရှင် ဒေါက် တာ ထွန်းလွင်က သတိပေးထားပါတယ်။

အဲဒီမိုးတိမ်တောင်တွေကြောင့် လျှပ်စစ်လက်တာ၊ မိုးခြိမ်းတာ၊ နေရာကွက်ပြီးမိုးသည်းတာ၊ မိုးသက်လေပြင်း တိုက်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်တတ်တယ်လို့ ဦးထွန်းလွင်က သတိပေးထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org