PR စနစ်ကျင့်သုံးသင့်၊ မသင့် အမျိုးသားလွှတ်တော် ဆက်လက်ကြားနာ

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ကို ရွေးချယ်တဲ့အခါ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဖို့မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးပါတီ ၄ ပါတီ စုစုပေါင်း ပါတီ ၅ ပါတီက အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ကြားနာပွဲမှာ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ် တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးဖို့မသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေးပါတီ ၄ ပါတီ စုစုပေါင်း ပါတီ ၅ ပါတီက အမျိုးသားလွှတ်တော်မှာ ဒီကနေ့ကျင်းပတဲ့ ကြားနာပွဲမှာ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ကြားနာပွဲကို နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ဟာ အားနည်းတဲ့လွှတ်တော်တွေနဲ့ အစိုးရတွေ ကို မွေးထုတ်ပေးမယ့်စနစ်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ကြားနာပွဲကိုတက်ရောက်တဲ့ နိုင်ငံရေးပါတီ ၈ ပါတီထဲက အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ ပီအာရွေးကောက်ပွဲစနစ်ကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။

အဲဒီကြားနာပွဲတွေကို မနေ့ကစပြီး ၃ ရက်ကြာကျင်းပမှာဖြစ်ရာ မနက်ဖြန်မှာ မွန်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၁၂ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

၃ ရက်ကြာဆွေးနွေးခဲ့တဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်ထံ အစီရင်ခံစာရေးသားပေးပို့မှာဖြစ်ပါတယ်။

ကြားနာပွဲတက်ရောက်တဲ့ နိုင်ငံရေးပါတီတွေရဲ့ ဆွေးနွေးချက်တချို့ကို RFA သတင်းထောက် မဝေမာထွန်းက ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org