အမျိုးသားလွှတ်တော် ရွေးချယ်ရေး ပီအာစနစ် ကျင့်သုံးဖို့ အတည်ပြု

တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဒီကနေ့ ကန့်ကွက်သူ ၂၄ ဦး ရှိခဲ့ပြီး အတည်ပြုလိုက်ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်

တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဒီကနေ့ ကန့်ကွက်သူ ၂၄ ဦး ရှိခဲ့ပြီး အတည်ပြုလိုက်ပါတယ်။ ကန့်ကွက်သူတွေရှိ ခဲ့ပေမဲ့ ထောက်ခံသူများတာကြောင့် လွှတ်တော်ဒုတိယ ဥက္ကဌ ဦးမြငြိမ်းက အတည်ပြုကြောင်း ကြေညာခဲ့တာပါ။

ပီအာစနစ်ကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက အကြောင်းကြားထားတဲ့အတွက် နိုဝင်ဘာ လ ၁၄ ရက်နေ့က ပယ်ချခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တိုင်းဒေသကြီးတွေမှာ ကျင့်သုံးဖို့ ပြီးခဲ့တဲ့ဇွန်လက အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို စုစည်းပြီး RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။

လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ အမြင်ကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူတွေရဲ့ အမြင်အချို့ကို RFA သတင်းထောက် ကိုမျိုးဇော်က စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org