အမေရိကန်စင်တာ စာကြည့်တိုက် မှတ်တမ်းရုပ်ရှင်ပြပွဲ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပတဲ့ အမေရိကန်စင်တာ စာကြည့်တိုက် မှတ်တမ်းရုပ်ရှင်ပြပွဲမှာ တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပတဲ့ အမေရိကန်စင်တာ စာကြည့်တိုက် မှတ်တမ်းရုပ်ရှင်ပြပွဲမှာ တွေ့ရစဉ် (Photo: Thant Zin Oo/ RFA)

အမေရိကန်စင်တာစာကြည့်တိုက်နဲ့ ပတ်သက်တဲ့ အမှတ်တရ မှတ်တမ်းရုပ်ရှင်ပြသခြင်း အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ညက အင်းစိန်လမ်းမပေါ် စံရိပ်ငြိမ်ဂမုန်းပွင့်မှာရှိတဲ့ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ပြသတဲ့ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel လည်း တက်ရောက်ခဲ့ပါတယ်။

လက်ရှိ ဒဂုံမြို့နယ်၊ တော်ဝင်လမ်းမှာရှိတဲ့ အမေရိကန်စင်တာစာကြည့်တိုက်ကို မကြာခင် တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းထိပ်နေရာကို ပြေင်းရွှေ့တော့မှာဖြစ်ပြီး နေရာဟောင်းက အမှတ်တရတွေကို မှတ်မိနေစေဖို့ ရိုက်ကူးဖြစ်တာလို့ အမေရိကန်စင်တာ ဒါရိုက်တာ ဦးကျော်ခိုင်က ပြောပါတယ်။

မှတ်တမ်းရုပ်ရှင်ထဲမှာ အမေရိကန်စင်တာမှာ စာသင်ပေးနေတဲ့ ဆရာ/ဆရာမတွေ၊ အင်္ဂလိပ်စာ သင်တန်းတွေမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားတွေ၊ စင်တာထဲမှာရှိတဲ့ ကလပ်အသီးသီးမှာ ပါဝင်ဆောင်ရွက်ခဲ့သူတွေ အမှတ်တရ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကို မေးမြန်းရိုက်ကူးထားတာပါ။

အသစ်ပြန်လည်ဖွင့်လှစ်မယ့် အမေရိကန်စင်တာမှာ အင်္ဂလိပ်စာသင်တန်းတွေအပြင် ကျောင်းသားတွေကိုယ်တိုင် တီထွင်စမ်းသပ်နိုင်မယ့် ဓာတ်ခွဲခန်းတွေပါ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။