မြန်မာ့ပယင်းထဲက ET နဲ့တူတဲ့ အင်းဆက်တွေ့ရှိ
မြန်မာပြည်က ရရှိတဲ့ ပယင်းကျောက်တခုအတွင်းမှာ လွန်ခဲ့တဲ့နှစ် သန်းပေါင်းတစ်ရာလောက်က ရှင်သန်ခဲ့တဲ့ အင်းဆက်ပိုးမွှားတကောင်ကို တွေ့ရှိရကြောင်းအမေရိကန်ပညာရှင်တွေက ကြေညာလိုက်ပါတယ်။
-
2017-01-27 -
-
-
ပယင်းကျောက်အတွင်းမှာရှိတဲ့ ပုရွက်ဆိတ်ကို တွေ့ရစဉ်
Photo: wikipedia
မြန်မာပြည်က ရရှိတဲ့ ပယင်းကျောက်တခုအတွင်းမှာ လွန်ခဲ့တဲ့နှစ် သန်းပေါင်းတစ်ရာလောက်က ရှင်သန်ခဲ့တဲ့ အင်းဆက်ပိုးမွှားတကောင်ကို တွေ့ရှိရကြောင်း
အမေရိကန်ပညာရှင်တွေက ကြေညာလိုက်ပါတယ်။ မနေ့က ထုတ်ပြန်တဲ့သတင်းအရဆိုရင်ခြေတံတွေရှည်ရှည် ပုရွက်ဆိတ်နဲ့တူတဲ့ အဲဒီ အင်းဆက်ဟာ ဒိုင်နိုဆောသတ္တဝါတွေနဲ့ခေတ်ပြိုင် ရှင်သန်ကျက်စားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပုရွက်ဆိတ်ရဲ့ ဦးခေါင်းဟာ ET ရုပ်ရှင်ထဲက ဂြိုလ်သားလို လည်ပင်းရှည်ရှည်မျက်လုံးတွေကကြီးကြီးနဲ့ ထူးခြားလှပါတယ်လို့ အိုရီဂွန် တက္ကသိုလ် ပါမောက္ခတဦးကပြောပါတယ်။