ဒေါ်အောင်ဆန်းစုကြည်ကို သံအမတ်ကြီးနှစ်ဦး လာရောက်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံ သံအမတ်ကြီးနဲ့ သြစတြီးယား သံအမတ်ကြီးတို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၃ ရက် ဒီကနေ့ လာရောက် တွေ့ဆုံဆွေးနွေးကြောင်း NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုပါတယ် ။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ရှေ့ဆုံး) အကျယ်ချုပ်မှ လွတ်မြောက်သည့် နိုဝင်ဘာ ၁၃ ရက်က စောင့်မျှော်နေသော လူထုကို နှုတ်ဆက်ရန် နေအိမ်ခြံဝသို့ သွားရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ရှေ့ဆုံး) အကျယ်ချုပ်မှ လွတ်မြောက်သည့် နိုဝင်ဘာ ၁၃ ရက်က စောင့်မျှော်နေသော လူထုကို နှုတ်ဆက်ရန် နေအိမ်ခြံဝသို့ သွားရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP) ((Photo: AFP))

0:00 / 0:00

“မနက်ပိုင်း ဒေါ်စု ဘယ်လ်ဂျီယမ် သံအမတ်ကြီးနဲ့ တွေ့တယ်၊ Bangkok based ဘယ်လ်ဂျီယမ် သံအမတ်ကြီး လာတွေ့ပါတယ်။ ညနေပိုင်း သြစတြီးယား သံအမတ်ကြီး လာတွေ့ပါတယ်။ သံအမတ်ကြီးတွေ ဘာပြောချင်တယ်၊ ဘာ အဲဒါတော့ ကျွန်တော် မသိဘူး။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီးတွေ ဘယ်လို အကြောင်းအရာ ဆွေးနွေးကြတယ် ဆိုတာကိုတော့ NLDပါတီက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး ။ ဒီကနေ့ တရက်တည်းမှာပဲ NLD ပါတီ ရုံးချုပ်မှာ CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရပါတယ် ။

အဲဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ ဦးသန်းထွန်း၊ ဦးညွန့်ဝေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအေးသာအောင်၊ ပူကျင်ရှင်းထန်၊ နိုင်ထွန်းသိန်း၊ ဦးထောင်ကိုထန်းတို့အပြင် ဦးစိုးဝင်း၊ ဦးသန်းဖေတို့ တက်ရောက် ဆွေးနွေးကြောင်း သိရပါတယ်။

CRPP အစည်းအဝေးနဲ့ ပတ်သက်ပြီး ဦးအေးသာအောင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်