မြန်မာ- အမေရိကန် သံအမတ်များ အဆိုပြုကြေညာ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အဖြစ် မြန်မာဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး နဲ့ အထူး ကိုယ်စားလှယ် မစ္စတာ Derek Mitchell ကို သမ္မတ အိုဘားမားက တရားဝင် အဆိုပြုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် မစ်ချယ်လ်က ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် အမြင်တွေကို RFA နှင့် တွေ့ဆုံမေးမြန်းရာတွင် ရှင်းလင်းပြောပြနေစဉ်။ RFA

အလားတူ မြန်မာနိုင်ငံဘက်ကလည်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်
အဖြစ် လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတန်း မြန်မာသံအမတ်ကြီး ဦးသန်းရွှေကို ခန့်အပ်ကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကြေညာခဲ့ပါတယ်။

နှစ် (၂၀) ကျော် ကြာမြင့်ပြီးတဲ့နောက် သံအမတ်တွေ ခန့်အပ်ဖို့
နှစ်နိုင်ငံလုံးရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ မြန်မာ ပုံမှန်သံတမန်
ဆက်ဆံရေး ပြန်ဖြစ်လာဖို့ အတွက် အရေးကြီးတဲ့ အဆင့် ဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။

မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် သမ္မတ အိုဘားမား ရဲ့ အဆိုပြုချက် ကို အမေရိကန်လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org