ဒုတိယအကြိမ် ၂၁ ပင်လုံ ညီလာခံကို ရက်ရွှေ့ဆိုင်းကျင်းပ သင့်ကြောင်း ALP ပြော

ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တိုင်းရင်းသား အဖွဲ့တွေဘက်က အဆင့်သင့်ရှိနေပြီး အစိုးရဘက်က မဆောင်ရွက်နိုင်သေးဘူးဆိုရင် လာမယ့် ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့်် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ရက်ရွှေ့ဆိုင်းပေးစေလိုတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်စောမြ ရာဇာလင်း က ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တိုင်းရင်းသားအဖွဲ့တွေဘက်က အဆင့်သင့် ရှိနေပြီး အစိုးရဘက်က မဆောင်ရွက်နိုင်သေးဘူးဆိုရင် လာမယ့် ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့်် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ရက်ရွှေ့ဆိုင်းပေးစေလိုတယ်လို့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးမှသာ ၂၁ ရာစုပင်လုံညီလာခံလို နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရမှာ ဖြစ်တယ်လို့ ALP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း ကပြောပါတယ်။

"ညီလာခံကတော့ တခါတည်းနဲ့တော့ ပြီးသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျမတို့ ဒီထက်ဖြစ်စေချင်သေး တာက လိုအပ်ရင် ညီလာခံကို ရွှေ့ဖို့ ရွှေ့စေချင်တယ်။ ဘာလို့လည်းဆိုတော့ ချင်းနဲ့ရခိုင်မှာ ပြီးရမယ်။ အဓိကအားဖြင့်တော့ ဘယ်အဖွဲ့အစည်းတွေရှိတဲ့နေရာဖြစ်ဖြစ် အားလုံးနေရာမှာ ဒီအမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲက လုပ်ဖို့လိုအပ်တယ်ဆိုတဲ့ အမြင်ရှိသလို လုပ်နည်းလုပ်ဟန်အရ NCA ရဲ့ မူအရ ကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြီးမှပဲ ကျမတို့က ကျင်းပရမှာဖြစ်တယ်။"

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ဦးဆောင်ကော်မတီကို ဦးစွာဖွဲ့စည်းဖို့လိုပြီး အဲဒီကော်မတီမှာ အစိုးရဘက်က ကိုယ်စားလှယ် ၃ ဦး၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ၃ ဦးနဲ့ နိုင်ငံရေး ပါတီတွေဘက်က ၃ ဦးပါဝင် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဘက်က ဦးဆောင်ကော်မတီဖွဲ့စည်းဖို့ ကိုယ်စားလှယ် ရွေးချယ်ထား ပြီးဖြစ်ကြောင်းနဲ့ နိုင်ငံရေးပါတီတွေဘက်ကိုလည်း ကိုယ်စားလှယ်ရွေးချယ်ထားဖို့ အသိပေးထားပြီး ဖြစ်တယ် လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်သေးကြောင်း မနေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို နေရာ တိုင်းမှာ ကျင်းပဖို့လိုပြီး အခုလအတွင်းကျင်းပမယ့် ညီလာခံမတိုင်ခင် မကျင်းပနိုင်သေးတဲ့နေရာတွေမှာ လည်း နောက်တစ်ကြိမ် ညီလာခံမတိုင်ခင် ကျင်းပနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားဖို့ မှာကြား ထားတယ်လို့ ပြောပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးဘဲ ဒုတိယအကြိမ် ပင်လုံညီလာခံကို တက်ရောက်ဖို့ ရှိ၊ မရှိ ဆိုတာနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့က ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို ခံယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org