အားလုံးပါဝင်တဲ့ အပစ်ရပ်စဲရေး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း PNLO ခေါင်းဆောင်ပြော

လာမယ့် အန်အယ်လ်ဒီပါတီ အစိုးရသစ် လက်ထက်မှာ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင် က်မှတ်ရေးထိုးလာမယ်လို့ ယုံကြည်ကြောင်း လက်ရှိအစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ရစဉ်

လာမယ့် အန်အယ်လ်ဒီပါတီ အစိုးရသစ်လက်ထက်မှာ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးလာမယ်လို့ ယုံကြည်ကြောင်း လက်ရှိအစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

လက်ရှိအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်မှုဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားခံရတဲ့ အဖွဲ့တွေအပြင် ဖိတ်ကြားမခံရတဲ့အဖွဲ့တွေအတွက်ပါ အလားအလာကောင်း မွန်နိုင်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရ မပြီးပြတ်သေးတဲ့ဟာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျနော် မျှော်လင့်တာပေါ့၊ ဖြစ်စဉ်မှာမပါဝင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမြန်ဆုံးပါဝင်လာမယ်လို့ ကျနော်မျှော်လင့်တယ်၊ အစိုးရသစ်ဖြစ်မယ့် ပါတီကလည်းပဲ အခုလက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ့ရတယ်၊ အဲ့ဒါအင်မတန်အားကောင်းတဲ့ အချက်ဖြစ်တယ်၊ အထူးသဖြင့်တော့ အစိုးရသစ်နဲ့ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့ ဖိတ်ထားတာရော မဖိတ်ရသေးတဲ့ အဖွဲ့တွေအတွက်ရော အနာဂါတ်မှာအလားအလာကောင်းနေတယ်"

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို မနေ့က ကန့်ကွက် သူမရှိတဲ့အတွက် အတည်ပြုလိုက်တာကြောင့် NCA စာချုပ်မှာပါတဲ့အတိုင်း ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးကို မြန်မြန်ဆန်ဆန် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ပါဝင်လက်မှတ်ရေးထိုးဖို့အတွက် အစိုးရက ကမ်းလှမ်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ထဲမှာ ၈ဖွဲ့ကသာ အပစ်ရပ်လက်မှတ်ရေးထိုးထားတာဖြစ်ပြီး ၆ဖွဲ့ လက်မှတ်ရေးထိုးဖို့ ကျန်နေပါတယ်။

အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၃လ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ရမှာဖြစ်တဲ့ အတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေကို ရေးဆွဲပြီးဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org