ရန်ကုန်မှာ လေထုညစ်ညမ်းမှုများလို့ နှာခေါင်းစည်းတပ်ကြဖို့ အကြံပြု

ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာရေးအဖွဲ့အစည်း (IQAir) ရဲ့ တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့ စာရင်းမှာ အဆင့် (၂) ရောက်ရှိနေပါတယ်။

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်တစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့ညတွင် တွေ့ရစဉ်။

ကမ္ဘာ့လေထု အရည်အသွေးတိုင်းတာရေးအဖွဲ့အစည်း (IQAir) ရဲ့ တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့ စာရင်းမှာ အဆင့် (၂) ရောက်ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၈ နာရီခွဲက ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးတိုင်းတာချက်အရ (AQI) ညွှန်းကိန်း ၂၂၆ ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင်း အဆိုးဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အမှိုက်မီးရှို့တာတွေ၊ စိုက်ပျိုးရေးအတွက် မီးရှို့ရိတ်သိမ်းတာတွေနဲ့ မီးစက်အသုံးများတာ အပါအဝင် မော်တော်ယာဉ် အသုံးပြုတာများတာကြောင့် လေထုညစ်ညမ်းမှု ပိုဆိုးလာတာလို့ ဆိုပါတယ်။ ဒါကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရောဂါအခံရှိသူတွေအနေနဲ့ အပြင်ကို လုံးဝမထွက်သင့်ဘဲ အပြင်ထွက်မယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ကြဖို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org