လေယာဉ်ပျက်ကျမှု အထောက်အထားမတွေ့

မြန်မာနိုင်ငံ အနောက်ဖက်ကမ်းလွန်ရေပြင်မှာ လေယာဉ်ပျံ တစင်းပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှာဖွေရေးလုပ်ငန်းကို ရပ်တန့်လိုက်ပြီလို့ မြန်မာအစိုးရ အာဏာပိုင်တွေက သောကြာနေ့ မနေ့က ပြောကြားပါတယ်။

မြန်မာနိုင်ငံ အနောက်ဖက်ကမ်းလွန်ရေပြင်မှာ လေယာဉ်ပျံတစင်းပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရှာဖွေရေးလုပ်ငန်းကို ရပ်တန့်လိုက်ပြီလို့ မြန်မာအစိုးရ အာဏာပိုင်တွေက သောကြာနေ့ မနေ့က ပြောကြားပါတယ်။

အဲဒီလို လေယာဉ်ပျံတစင်း ပျက်ကျသွားတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေပေါ်ထွက် ခဲ့တာကြောင့် ရခိုင်ပြည်နယ် မန်အောင်ကျွန်းမှာရှိတဲ့ အစိုးရလေကြောင်းဦးစီးဌာနက သက်ဆိုင်ရာ ဒေသကို သွားရောက်ရှာဖွေခဲ့ပေမယ့် အစအန အထောက်အထား တစ်စုံတရာမျှ မတွေ့ခဲ့ရကြောင်း၊ ဒါ့အပြင် ပြည်တွင်းလေကြောင်းလိုင်းတွေကလည်း လေယာဉ်ပျံ ပျောက်ဆုံးနေတယ်လို့ ပြောဆိုခြင်း မရှိကြောင်း ဒါကြောင့် ရှာဖွေရေးကို ရပ်ဆိုင်းထား လိုက်ပြီ ဖြစ်ကြောင်း လေကြောင်းဦးစီးဌာန အရာရှိ ဦးတင်မောင်နီ ကပြောတယ်လို့ မနေ့ညနေပိုင်း ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org