မြန်မာ့အရေး AIPMC ဆွေးနွေးမည်

မြန်မာနိုင်ငံရဲ့လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက် နေတဲ့ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့က ဆွေးနွေးပွဲတစ်ရပ် ဒီကနေ့ အောက်တိုဘာလ (၁၈) ရက် အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အင်ဒိုနီးရှား လွှတ်တော် အဆောက်အဦမှာ ကျင်းပမယ်လို့ သိရပါတယ်။

AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက် နေသည့် အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့၏ အင်တာနက် စာမျက်နှာပုံ ဖြစ်ပါသည်။

" နိုင်ငံရေးအကျဉ်းသား (၂၀၀) မလွှတ်မီ နဲ့လွှတ်အပြီး မြန်မာနိုင်ငံ " ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း အရပ်ဘက်လူ့ဘောင်ရဲ့ နောက်ဆုံးအခြေအနေတွေ၊ မြန်မာ့ ဒီမိုကရေစီရေး အပေါ် အင်ဒိုနီးရှား လွှတ်တော်အမတ်တွေရဲ့ သဘောထားအမြင်တွေ၊ မြန်မာ နဲ့ အာဆီယံ ဥက္ကဌ ကိစ္စ၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Mr. Marty Natalegawa မြန်မာနိုင်ငံကို ဒီလကုန်ပိုင်းမှာ သွားရောက်မယ့် ကိစ္စ စတာတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org