မြန်မာကို AIIB ဘဏ်က ကူညီမယ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် အာရှတိုက် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုှပ်နှံမှုဘဏ် Asian Infrastructure Investment Bank - AIIB ဥက္ကဌ Mr. Jin Liqun ဂျင်လီကွန်းက မြန်မာနိုင်ငံရဲ့ အခြေခံအဆောက် အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ဘဏ်အနေနဲ့ ကူညီလိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် အာရှတိုက် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုှပ်နှံမှုဘဏ် Asian Infrastructure Investment Bank - AIIB ဥက္ကဌ Mr. Jin Liqun ဂျင်လီကွန်း က မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ဘဏ်အနေနဲ့ ကူညီလိုကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်တွေ့ဆုံပွဲအပြီးမှာ ဂျင်လီကွန်း က မြန်မာနိုင်ငံဟာ လျှပ်စစ်ဓါတ်အား မလောက်ငှမှုနဲ့ မီးရထားလမ်း ကားလမ်းစတဲ့ အခြေခံအဆောက်အအုံ ချို့တဲ့မှုတွေကို ရင်ဆိုင်နေရကြောင်း၊ AIIB က မြန်မာအစိုးရကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးဖို့ ကတိပြုခဲ့ကြောင်း ပြောပါတယ်။

အဲဒီဘဏ်ကို အာရှတိုက်ဖွံ့ဖြိုးရေးအတွက် ၂ဝ၁၅ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး စတင်တည်ထောင်တဲ့ နိုင်ငံ ၅၇ နိုင်ငံမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org