လူ့အခွင့်အရေး ဦးဆောင်မှု ပြသဖို့ ဗြိတိန်ဝန်ကြီးချုပ်ကို AI တိုက်တွန်း


2018.09.15
jeremy-hunt-622 ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို တွေ့ရစဉ်
Photo: Jeremy Hunt - facebook

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြသဖို့ အခွင့်အလမ်းဖြစ်တယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Kate Allen က မနေ့က စနေနေ့မှာ ပြောလိုက်ပါတယ်။

ဝန်ကြီး Jeremy Hunt အနေနဲ့ ဒီအခွင့်အရေးကို လက်မလွှတ်ပဲ အမိအရ ဆုပ်ကိုင်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ အောက်တိုဘာလကစလို့ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်တွေ မောင်းထုတ်လိုက်တဲ့ အတွက် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးသွားရသလို၊ အဲဒီထဲလူတွေထဲက ထောင်နဲ့ချီပြီး အသတ်ခံရ၊ ရာနဲ့ချီတဲ့ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရ၊ ရာနဲ့ချီတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံရတာတွေကို လည်း ရှိခဲ့တယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ ဝန်ကြီးအနေနဲ့ မတူတဲ့ရှုထောင့်ကနေ ဆောင်ရွက်နိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ကိစ္စမှာ ဗြိတိန်က ထောက်ခံတယ်ဆိုတာ ထုတ်ပြောဖို့ ရှက်စရာ မလိုဘူးလို့လည်း AI ညွှန်မှူး Kate Allen က ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းမယ့် လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့နဲ့ ပတ်သက်လို့ လုပ်ပေးနိုင်သမျှအားလုံး ဆောင်ရွက်ပေးရမယ်လို့လည်း ပြောပါတယ်။ အဲဒီအပြင် ရိုက်တာ သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်ရေး ကိုလည်း ကြိုးစားပေးရမယ်လို့ AI ညွှန်မှူး Kate Allen က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ကို တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။