မိုင်ပေါင်း ၈၀၀ ကျော် ချီတက် လမ်းလျှောက်သူတွေ ပဲခူးမှာ တားဆီးခံရ

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ လမ်းလျှောက်ဆန္ဒပြ သူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဝင်မှာ ပဲခူးတိုင်းအာဏာပိုင်တွေ က ရှေ့ဆက်သွားခွင့်မပေးပဲ တားဆီးပိတ်ပင်ခဲ့ပါ တယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ ချီတက်လမ်းလျှောက်ဆန္ဒပြမယ့် ငြိမ်းချမ်းရေးလိုလားသူတစ်စုကို အင်းစိန်လမ်းမပေါ်တွင်တွေ့ရစဉ် Photo: RFA/Kyaw Zawe Win

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေ သွားခွင့်မပေးဖို့ တားဆီးခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလမ်းလျှောက်ဆန္ဒပြရာမှာပါဝင်သူ ဦးအောင်မြင့် က RFA ကို အခုလို ပြောပါတယ်။

"ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အစပ်ရောက်တဲ့အခါကျတော့ ပဲခူးတိုင်းအာဏာပိုင်တွေကတားတယ်၊ ကျွန်တော်ကြားတာကတော့ ရန်ကုန်တိုင်းမှာပဲ ခွင့်ပြုချက်ယူပြီးတော့ ပဲခူးတိုင်းမှာ ခွင့်ပြုချက်မယူထားတဲ့အတွက်လို့ကြားတယ်၊ သူတို့တားတဲ့တပ်ဖွဲ့ဝင် အင်အားကတော့ ၃၀လောက်ရှိတယ် ခင်ဗျ"

လမ်းလျှောက်ပွဲကို ဦးဆောင်တဲ့ ရဟန်း၊ သံဃာတော်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ နေ့လည်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ ငြိမ်းချမ်းရေးလိုလားသူတွေရဲ့ လမ်းလျှောက်ပွဲကို ဆက်သွားခွင့်ပြုလိုက်ပေမယ့် ငြိမ်းချမ်းရေး အလံတွေကိုတော့ ကိုင်ဆောင်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆိုကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ လူဦးရေ ၈၀လောက်ဟာ တရုတ်-မြန်မာနယ်စပ် အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ကျော် ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမှာဖြစ်ပြီး ဒီလမ်းလျှောက်ပွဲကို မနေ့က မနက်ပိုင်းကစလို့ ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ  စတင်ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org