သမိုင်းဝင် ရွှေကျောင်း ပြုပြင် ထိန်းသိမ်းရေး သံအမတ်များ ရန်ပုံငွေအဖွဲ့ ကူညီ
မန္တလေးမြို့မှာရှိတဲ့ သမိုင်းဝင် ရွှေကျောင်း ကို ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်နိုင်ငံအခြေစိုက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သံအမတ်တွေရဲ့ ရန်ပုံငွေအဖွဲ့ Ambassador Fund for Cultural preservation AFCP ရဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅ သိန်း နဲ့ ဆောင်ရွက်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဒီကနေ့ ပြောကြားလိုက် ပါတယ်။
-
2013-07-25 -
-
-
မန္တလေးမြို့မှာရှိတဲ့ သမိုင်းဝင် ရွှေကျောင်းကို ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်နိုင်ငံအခြေစိုက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သံအမတ်တွေရဲ့ ရန်ပုံငွေအဖွဲ့ Ambassador Fund for Cultural preservation AFCP ရဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅ သိန်းနဲ့ ဆောင်ရွက်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းက မန္တလေးမြို့မှာရှိတဲ့ ရှေးမြန်မာ ဘုရင်တွေရဲ့ ရွှေကျောင်းတော်ကို ရောက်ရှိလာခဲ့ချိန်မှာ ဒုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
AFCP အဖွဲ့အနေနဲ့ ခုလိုငွေကြေးပိုင်းဆိုင်ရာ ကူညီမှုတွေအပြင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ပညာရှင်တွေပါ အကူအညီပေးသွားမယ်လို့ လည်း ပြောပါတယ်။
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လာမယ့် စက်တင်ဘာလမှာ စတင်မှာဖြစ်ပြီး ၂ဝ၁၅ ခုနစ်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ရွှေကျောင်းကို ၁၈၈၃ ခုနှစ်မှာ သီပေါမင်းက စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။