အမေရိကန်အောက်လွှတ်တော် အမတ်ဝန်ကြီး ဦးအောင်မင်း နဲ့ တွေ့


2015.01.18
aaron-schock-uagmin-305.jpg အမေရိကန်အောက်လွှတ်တော်အမတ် Aaron Schock က ဇန်နဝါရီ ၁၈ ရက်နေ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံစဉ်။
Photo: Wai Yan Moe Myint, Wai Mar Tun/ RFA

ရန်ကုန်မြို့ကို မနေ့ညက ရောက်ရှိလာတဲ့  အမေရိ ကန်အောက်လွှတ်တော်အမတ် Aaron Schock ဟာ ဒီနေ့မနက် ၁၀ နာရီခွဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကို သွားရောက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိဒီမိုကရေစီအသွင် ကူးပြောင်းရေး တိုးတက်မှု အခြေအနေတွေ အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေ  တိုးတက် ကောင်းမွန်ပြီး တိုင်းရင်းသားအားလုံး လက်တွဲ ညီညီ ယှဉ်တွဲနေထိုင်နိုင်ရေးကိစ္စရပ် တွေ၊  အမေရိကန် နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးတိုးတက်နိုင်မယ့် နည်း လမ်းတွေကို   ဆွေးနွေးကြတယ်လို့ သိရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ မြန်မာစာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံရာမှာ အောက်လွှတ်တော်အမတ် Aaron Schock က သူလာရောက်တဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပြီး သတင်းထောက်တွေ သိလိုတာတွေကို ဖြေကြားခဲ့ပါတယ်။

Mr Schock က "အမေရိကားကို ကျနော် ပြန်ရောက်သွားတဲ့အခါမှာ  မြန်မာလူမျိုးတွေ ဟာ အလုပ်ကြိုးစား တဲ့ လူမျိုးတွေ ဖြစ်တယ်၊ အိမ်နီးချင်းနိုင်ငံတချို့ နဲ့ မတူပဲ ဒီမိုကရေစီ ရှိတယ်၊ မီဒီယာ လွတ်လပ်ခွင့်၊ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် ဆိုတာတွေ ရှိတယ်၊ ဒါကြောင့် ရင်းနှီးမြုှပ်နှံသူတွေအတွက် အခွင့်အလမ်းတွေ ကောင်းမွန် တယ်ဆိုတာတွေ ကျနော် ပြန်ပြောပြမယ်လို့ “ ပြောသွားပါတယ်။

ဒါ့အပြင် Mr Schock ဟာ အမေရိကန်   FOX ရုပ်မြင်သံကြား သတင်းဌာနက Ms Greta Van Susteren  နဲ့ Reuters သတင်းဌာနက Paul Mooney တို့ ရဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုတွေကိုလဲ လက်ခံ ဖြေကြားခဲ့ပါတယ်။

FOX ရုပ်မြင်သံကြား သတင်းဌာနက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုလဲ  အလားတူပဲ သီးသန့်တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။