အကျဉ်းကျနေသူ မိသားစုတွေကို အားပေး
2011.12.29

AFP
သွားရောက်သူ အဖွဲ့ဝင် အများစုဟာ မကြာသေးခင်က အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဖြစ်ကြပြီး၊ စုစုပေါင်း လူ ၅၀ လောက် ပါဝင်တယ်လို့ အဖွဲ့မှာ ပါဝင်သူ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
သွားရောက်တဲ့ အဖွဲ့မှာ ပါဝင်သူ လ့ူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေးလည်း ပါဝင်ပါတယ်။
ကိုမင်းကိုနိုင်ရဲ့ မိဘတွေဟာ အသက်အရွယ် အလွန်ကြီးရင့်နေပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ သားဖြစ်သူ ထောင်တွင်းက ပြန်လည် လွတ်မြောက်လာအောင် အားမာန် အပြည့်နဲ့ စောင့်မျှော်နေတာကို တွေ့ခဲ့ရကြောင်း၊ အလားတူ ကျန်အကျဉ်းသားများရဲ့ မိသားစုဝင်တွေကလည်း ယုံကြည်ချက် အားမာန်တွေနဲ့ စောင့်နေကြကြောင်း မစုစုနွေးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။
ဒီကနေ့ မှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် စုစုပေါင်း အကျဉ်းကျခံနေရသူ ၈ ဦးရဲ့ နေအိမ်ကို သွားရောက်ခဲ့ပြီး မနက်ဖြန် ဒီဇင်္ဘာလ ၃၀ ရက်နေ့မှာလည်း သွားရောက်ဖို့ ကျန်ရှိတဲ့ အကျဉ်းကျ ၈၈ကျောင်းသားတွေရဲ့ နေအိမ်တွေကို သွားရောက်မယ်လို့ ကိုကိုကြီး(စမ်းချောင်း) က ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ မင်္ဂလာတောင်ညွန့် ရပ်ကွက် မီးဘေးဒဏ်ခံရသူတွေကို သွားရောက်အားပေး စကားပြောပြီး လူနာတဦးကို
ကျပ်ငွေ ၅၀၀၀ လှူဒါန်းခဲ့တယ်လို့ မစုစုနွေးက ပြောပါတယ်။