ရှစ်လေးလုံး ရန်ပုံငွေအတွက် ရေးဆွဲသည့် ပန်းချီကား ကျပ်ငွေ ၂၈ သိန်းရရှိ


2013.08.04
သြဂုတ်လ ၄ ရက်နေ့က ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည် အခမ်းအနားအကြို ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပစဉ်
Photo:RFA/Kyaw Zawe Win

ရှစ်လေးလုံးနှစ်ပတ်လည် ငွေရတုအခမ်းအနားအတွက် ရန်ပုံငွေရှာဖွေဖို့ ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပရာမှာ ပန်းချီဆရာကြီး ဦးဝင်းဖေ ရေးဆွဲထားတဲ့ ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ် ပန်းချီကားကို လေလံတင်ရောင်းချခဲ့သလို အနုပညာရှင်တွေကလည်း ကူညီရောင်းချပေးခဲ့ပါတယ်။

အဲဒီရန်ပုံငွေပွဲနဲ့ ပတ်သက်ပြီး အထိမ်းအမှတ်ပစ္စည်း လာရောက်ဝယ်ယူသူတစ်ဦးက သူရဲ့အမြင်ကို အခုလိုပြောပါတယ်။

"ဝမ်းလည်းသာတယ်၊ ဝမ်းလည်းနည်းတယ်၊ သတင်းစာတွေထဲမှာ တွေ့ကထဲက ဒီကိုလာချင်တာ၊ ကလေးတွေကို သွားအားပေးမယ်၊ အမှတ်တရပစ္စည်းတွေကို နောင်လာနောင်သားတွေကို ပြချင်လို့ပါကွယ်"

ဒီကနေ့ပြုလုပ်တဲ့ အမှတ်တရပစ္စည်းရောင်းချပွဲကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင၊် ကိုကိုကြီးတို့နဲ့အတူ အနုပညာရှင်တွေဖြစ်တဲ့ လူမင်း၊ ရာဇာနေဝင်း၊ ရွှေမှုံရတီတို့ကလည်း အမှတ်တရ ပစ္စည်းဝယ်ယူသူတွေကို လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။

ပန်းချီဆရာ ဦးဝင်းဖေ ရေးဆွဲလှူဒါန်းတဲ့ ရှစ်လေးလုံးအထိမ်းအမှတ် ပန်းချီကားဟာ ကျပ်ငွေ ၂၈ သိန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။