အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ထားမှုကိစ္စ ၈၈ အဖွဲ့ထောက်ပြ


2014.01.31
88-local-admin-305.jpg ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ကကျင်းပတဲ့ ရပ်ကွက်၊ ကျေး ရွာအုပ်ချုပ်ရေးမှူးများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

တစ်နိုင်ငံလုံးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အများစုဟာ ပြည်သူလူထုက စိတ်တိုင်း ကျ ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတေ ွမဟုတ်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ကျင်းပခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြုပြင်ပြောင်း လဲရေးဆိုင်ရာ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် လူထုဆက်ဆံရေးဋ္ဌာနတာဝန်ခံ ကိုဂျင်မီက အခုလိုပြောခဲ့တာပါ။

“ကျနော်တို့ လေ့လာတွေ့ရှိသလောက် အသိ အမြင်ပေးနိုင်တဲ့နေရာမျိုး ၃၈ ရာခိုင်နှုန်းပဲတွေ့ ရတယ်၊ ၃၈ ရာခိုင်နှုန်းတောင်မှ NLD က ကျောထောက်နောက်ခံပြုထားတဲ့ ၂၉ ရာခိုင်နှုန်းရှိတယ်၊ ပြီးတော့ တိုင်းရင်းသားဒေသတွေပေါ့၊ တိုင်းရင်းသားတွေက ကျောထောက်နောက် ခံပေးထားတဲ့ ကိုယ်စားပြုတဲ့ ၉ ရာခိုင်နှုန်းလောက် တွေ့ရတာပေါ့၊ နောက်ကျန်တာ ကတေ့ာ ပြည်ထောင်စုကြံ့ခိုင်ရေးက အများစု၊ အဲဒါတွေကို ကျနော်တို့ သွားတွေ့ရတယ်”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ အုပ်ချုပ်ရေးမှူးတွေ ရဲ့ ရွေးကောက်ပွဲကာလ အခြေအနေတွေ၊ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးပါတီတွေ ဆက်နွယ်မှုတွေ ၊ အုပ်ချုပ်ရေးမှူးတွေကို တိုင်းတန်းတာတွေနဲ့ အရေးယူနိုင်ခဲ့တဲ့အခြေအနေ စတဲ့အပိုင်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လူထုဆက်ဆံရေးဋ္ဌာနတာဝန်ခံ ကိုဂျင်မီကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။