၈၈ ငြိမ်းပွင့်အဖွဲ့ ရေဘေး အလှူငွေ ကောက်ခံ

နိုင်ငံတဝှမ်းက ရေဘေးဒုက္ခသည်တွေကို အရေးပေါ် ကူညီဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နဲ့ အနုပညာရှင်တွေပူးပေါင်းပြီး အလှူငွေ ကောက်ခံနေ တာ နှစ်ရက်အတွင်း ကျပ်သိန်း ၁၅၀၀ ကျော်ရရှိခဲ့ပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရေဘေးအတွက် အလှူငွေကောက်ခံစဉ် Photo: Kyaw Zaw Win/ RFA

နိုင်ငံတဝှမ်းက ရေဘေးဒုက္ခသည်တွေကို အရေးပေါ် ကူညီဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းနဲ့ အနုပညာရှင်တွေပူးပေါင်းပြီး အလှူငွေ ကောက်ခံနေတာ နှစ်ရက်အတွင်း ကျပ်သိန်း ၁၅၀၀ ကျော် ရရှိခဲ့ပါ တယ်။

သြဂုတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကောက်ခံရရှိခဲ့တာဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ဦးဂျင်မီ က ပြောပါတယ်။

"ဒီနေ့မပါသေး၊ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာကို ကျနော်တို့ ၁၄၄၉ သိန်း၊ ၁၄၄၉ သိန်းက ၂ ပိုင်းရှိမယ်၊ တစ်ပိုင်းက ၈၈ ကျနော်တို့ရုံးကိုလာလှူတဲ့ ငွေကြေး ပမဏ ရှိမယ်၊ တစ်ပိုင်း က ကျနော်တို့မြို့ထဲကို အလှူထွက်ခံတဲ့ငွေကြေးပမာဏ ရှိမယ်၊ အဲ့ပမာဏ ၂ ခုပေါင်း ရင် ၁၄၄၉ သိန်းရှိမယ်၊ လောလောဆယ်ကတော့ သိန်း ၂၀၀ ကျော်ဒီနေ့လာလှူ တာကတော့၊ နောက်ပြီးတော့ ရေသန့်ဘူးတွေရှိမယ်၊ ဆန်အိတ်တွေရှိမယ်၊ နောက် အဝတ်အထည်တွေ ရှိမယ်၊ နောက်ပြီးတော့ရေ သန့်ဆေးရှိမယ်၊ အခုမိုလ်ဘိုင်းအုပ်စု ကမလာသေးဘူး၊ လာရင်ဘယ်လောက်ရမလဲ မသိသေးဘူး"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသူ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေဟာ တနင်္ဂနွေနေ့ က တောင်ဥက္ကလာပမြို့နယ် ပဒေသာဈေး၊ ယုဇနပလာဇာနဲ့ လှည်းတန်းဈေးတို့မှာ အလှူငွေ ကောက်ခံခဲ့တာဖြစ်ပြီး မနေ့က ရွှေဘုံသာလမ်း၊ အင်းစိန်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေမှာ အလှူငွေ ကောက်ခံခဲ့ကြပါတယ်။

ဒါ့အပြင် လာရောက်လှူဒါန်းထားတဲ့ ရေသန့်ဆေးနဲ့ ခေါက်ဆွဲခြောက်တွေကို ဒီနေ့ AIR KBZ လေယာဉ်နဲ့ ရခိုင်ပြည်နယ် ကို ပို့ဆောင်မှာဖြစ်ပြီး ဆန်အိတ်တွေ နဲ့ ရေသန့်ဘူးတွေ ကို ပဲခူးတိုင်းက ရေဘေးကယ်ဆယ်ရေး စခန်းတွေကို သွားရောက်လှူဒါန်းမှာဖြစ်တယ် လို့ သိရပါတယ်။

၈၈ အဖွဲ့ဝင်တချို့ နဲ့ အနုပညာရှင်တွေဟာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်က ရေဘေးဒုက္ခသည်တွေကို သွားရောက် ကူညီနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org