ငြိမ်းချမ်းရေး နီးစပ်လာပြီလို့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြောကြား


2014.10.24
vice-president-un-day-305.jpg နေပြည်တော်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ကကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားမှာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အဖွင့်မိန့်ခွန်းပြောကြားစဉ်
Photo: Myo Thant Khaing/RFA

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ နီးစပ်လာပြီဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တစ်ရပ်ဖြစ်ပေါ် လာဖို့ ကြိုးစားနေကြောင်း နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားမှာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ တာပါ။

"မြန်မာနိုင်ငံရဲ့ အသွင်ပြောင်းလဲရေးလုပ်ငန်းစဉ် မှာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကြမ်းတစ်ရပ် ပေါ်ထွက် လာအောင် ကြိုးစားပြီး ဆောင်ရွက်နေကြပါတယ်"

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု ထက်ဝက်လျော့ချဖို့၊ HIV/AIDS ပြန့်ပွားမှု ကျဆင်းဖို့၊ မသင်မနေရ မူလတန်းပညာသင်ယူခွင့်ရရှိဖို့တို့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ် လို့လည်း ဒေါက်တာ စိုင်းမောက်ခမ်းက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။