၆ ပွင့်ဆိုင်အတွက် အကြံပြုချက် ၂၁ ခု အမျိုးသားလွှတ်တော် ဥက္ကဌထံ တင်သွင်း

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ နဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ထံ အကြံပြုချက် ၂၁ ချက် ပေးပို့ထားပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်ကို တွေ့ရစဉ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ထံ အကြံပြုချက် ၂၁ ချက် ပေးပို့ထားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့နဲ့ ပီအာ ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ဖို့ကို အကြံပြုထားတယ်လို့ ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့အတွက် ၄၃၆ ကိုပြင်နိုင်ဖို့ အရေးကြီးတယ်၊ ၄၃၆ ပြင်ပြီးတဲ့ နောက်ပိုင်းမှာ တစ်ဖက်စောင်းနင်းမဖြစ်ရအောင် ဒါထိန်းဖို့လို့တယ်၊ တစ်ဖက်စောင်းနင်းဖြစ်နိုင်တယ် နောက်ပြီးတော့ နောက်ကြောင်းပြန် အရေးယူမှုတို့ဘာတို့ စိုးရိမ်စရာရှိတယ်ဆိုရင် ဘယ်လိုမှအပြင်ခံမှာမဟုတ်ဘူး ၄၃၆၊ အဲ့ဒီတော့ နောက်ကြောင်းပြန် အရေးယူမှုမရှိရအောင် ပီအာစနစ်နဲ့ အစားထိုးမယ်၊ ပီအာစနစ်နဲ့လုပ်ခြင်းအားဖြင့် မဲ ၈ဝ ရာခိုင်နှုန်း ၉ဝ ရာခိုင်နှုန်း ရနိုင်တဲ့ လွှတ်တော်မှာ အဲ့လောက်အရေအတွက်ရနိုင်တဲ့ အခြေအနေကို ပီအာစနစ်က မရောက်နိုင်ဘူး အဲ့လိုအခြေအနေမျိုး"

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ ပိုမိုပါဝင်ဆွေးနွေးခွင့် ပြုသင့်ကြောင်း အကြံပြုထားပါတယ်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကျင်းပပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်မယ် ဆိုတာကို ပြင်သင့်ကြောင်း အကြံပြုထားတာဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org