ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၈ ရက်အတွင်း လူ ၄၇ ဦးသေဆုံး

2021.07.20
ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၈ ရက်အတွင်း လူ ၄၇ ဦးသေဆုံး စစ်တွေမြို့မှာ ၂၀၂၁ ဇူလိုင်လ ၄ ရက်နေ့က ကိုဗစ် အသိပညာပေး နှာခေါင်းစည်းဝေငှစဥ်
Photo: RFA

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အချိန် ၈ ရက်တာကာအတွင်း သေဆုံးသူ ဦးရေ ၄၇ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

သေဆုံးမှု အများဆုံးကတော့ တောင်ကုတ်မြို့ဖြစ်ပြီး ဒီနေ့အထိ သေဆုံးသူဦးရေ ၂၀ ဦးရှိပါတယ်။

စစ်တွေမြို့မှာလည်း ဒီနေ့အထိသေဆုံးသူ ၁၄ ဦးရှိပြီး တခြား မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ သံတွဲ၊ ကျောက်တော်၊ ပေါက်တောစတဲ့မြို့တွေမှာလည်း သေဆုံးမှုတွေရှိနေတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ အခုလို ကိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ၊ သေဆုံးမှုတွေဟာ များလာတာကြောင့် ထိထိရောက်ရောက် ကာကွယ်ထားဆီးနိုင်ရေးအတွက် ဒီနှစ်ပတ်အတွင်း အိမ်ထဲမှာပဲနေထိုင်ကြဖို့ကို ရက္ခိုင့်တပ်တော် (AA)/ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မနေ့က ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းကို မလိုက်နာတဲ့သူတွေကိုလည်း အရေးယူသွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကို ပြီးခဲ့တဲ့မေအတွင်းက စတွေ့ခဲ့တာပါ။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် မနေ့က ဇူလိုင်လ ၂၀ ရက်နေ့အထိ သေဆုံးသူ ၆၃ ဦးနဲ့ ပိုးတွေ့ လူနာပေါင်း ၁၇၀၃ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက်က ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။