ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဗြိတိန်ရောက် မြန်မာများ လက်မှတ်ရေးထိုး


2014.06.19
change-burma-constitution-305 ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အင်္ဂလန် မြန်မာသံရုံးရှေ့မှာ ဇွန်လ ၁၉ ရက်နေ့မှာ ဆန္ဒပြစဉ်
Photo: Change Burma Constitution

အခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ ကို  ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ဖြစ် တဲ့ ဇွန်လ ၁၉ ရက် မနေ့က  လန်ဒန်မြို့ မြန်မာသံရုံးရှေ့ မှာကျင်းပခဲ့ကြပါတယ်။

ဒီပွဲကို မလာနိုင်တဲ့သူတွေအတွက် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ လက်မှတ် ထိုးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးက ပြောပါတယ်။

" အဓိကက ဒီဆန္ဒပြပွဲကိုလာတဲ့သူတွေ အတွက် မြန်မာပြည်ကိုပို့မဲ့ ဒီ ၄၃၆ လက်မှတ် ထိုးထားတဲ့ဖောင်မှာ လက်မှတ်ထိုးမယ်၊ ပြီးတော့ နောက်တစ်ခုက အွန်လိုင်းမှာ အွန်လိုင်း လည်းလုပ်ထားပါတယ် အဲ့ဒါကတော့ ဒီနိုင်ငံခြားရေး ဝက်ဆိုက်ထဲမှာလုပ်ထားပါ ကျွန်တော်တို့ အဓိက လုပ်ထားတာ ဒီမှာ မြန်မာနိုင်ငံသား မဟုတ်တဲ့ သူတွေလဲ ပါဝင်လို့ရအောင် အွန်လိုင်းမှာ လုပ်ထားတာပါ"

၂ဝဝ၈ ဖွဲ့စည်းပုံကိုဥပဒေပြင်ဆင်ရေးအတွက် Facebook လူမှုကွန်ရက်မှာလည်း Change Burma Constitution ဆိုတဲ့နာမည်နဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ  ပူးပေါင်းဆောင်းရွက်နေကြောင်းလည်း ကိုအောင်ကြီးက ပြောပါတယ်။

ဒါ့ပြင်  ပီနန်ဆရာတော်ရဲ့ မဟာသန္တိသုခကျောင်းတိုက် ကိစ္စနဲ့ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ လန်ဒန်သာသနရံသီဝိဟာရ ကျောင်းတိုက်ဆရာတော် ဦးဥတ္တရနဲ့ ဦးပညာ တို့အပါအဝင် သံဃာ ၅ ပါး လွတ်မြောက်ရေးအတွက် မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေ လေးရက်မြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။