မြန်မာနိုင်ငံ စီးပွားရေး ကျဆင်းနေကြောင်း ၂၇ ပါတီ ပူးတွဲကြေညာချက် ထုတ်

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိန်းဂဏန်းတွေအရ တိုးတက်နေတယ်လို့ အစိုးရ တာဝန်ရှိသူတွေ က ပြောဆိုနေပေမယ့် လက်တွေ့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေး ပါတီပေါင်း ၂၇ ပါတီက မနေ့က ရက်စွဲနဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရေး ပါတီပေါင်း ၂၇ ပါတီရဲ့ ၂၀၁၈၊ စက်တင်ဘာ ၃၀ ရက်နေ့ ကြေညာချက် စာမျက်နှာ ၁ နဲ့ ၂ ကို တွေ့ရစဉ် .

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိန်းဂဏန်းတွေအရ တိုးတက်နေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆို နေပေမယ့် လက်တွေ့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး စီးပွားရေးကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေး ပါတီပေါင်း ၂၇ ပါတီက မနေ့က ရက်စွဲနဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ် ပါတီ( မြန်မာ) စတဲ့ နိုင်ငံရေးပါတီတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာ ကံဇော် တွက်ချက်ထားတဲ့ ကိန်းဂဏန်းတွေကို အခြေခံပြီး အခုလိုထုတ်ပြန်တာလို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် ကပြော ပါတယ်။

"ဒီအချက်အလက်ကို တင်ပြတဲ့ ပုဂ္ဂိုလ်က စီးပွားရေးတက္ကသိုလ်နှစ်ခုမှာ ပါမောက္ခချုပ် လုပ်ခဲ့တဲ့အပြင် ဦးသိန်းစိန် အစိုးရလက်ထက်က စီမံကိန်းမှာ တာဝန်ယူခဲ့တဲ့ ဒေါက်တာ ကံဇော်ရဲ့ လေ့လာသုံးသပ်ချက်အပေါ် အခြေခံပြီး မြန်မာ့စီးပွားရေးဟာ အရင်အစိုးရထက် ထက်ဝက်ခန့်ကျဆင်းပြီလို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က မြန်မာငွေ တစ်ကျပ် တန်ဖိုးဟာ အခု ဒေါ်အောင်ဆန်းစုကြည် တို့ လက်ထက်မှာ ပြား ၅၀ ပဲရှိတော့တယ်"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ၁ ဒေါ်လာကို မြန်မာငွေကျပ် ၈၁၉ ကျပ်ရှိခဲ့ပြီး လက်ရှိမှာ တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၆၀၀ ဝန်းကျင်ရောက်လာတဲ့အတွက် မြန်မာငွေကျပ်တန်ဖိုး ထက် ဝက်ခန့် ကျဆင်းလာတာလို့ အတိုက်အခံပါတီ ခေါင်းဆောင်တွေက ပြောကြပါတယ်။

NLD အစိုးရကို အာဏာစတင်လွှဲပြောင်းခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၁၉၃ ကျပ်နဲ့ လွှဲပြောင်းပေးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးပြီးမှ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေကို ဆောင်ရွက်တာမလုပ်ဘဲ ကဏ္ဍအားလုံးကို တစ်ပြိုင်နက် တိုးတက်အောင်ဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို အထူး အလေးထားတာကြောင့် ငြိမ်းချမ်းရေးကို အလေးပေးဆောင်ရွက်နေပေမယ့် တခြားကဏ္ဍတွေကို လျစ်လျူရှု ထားတာမရှိဘူးလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org