ဖွဲ့စည်းပုံပြင်ဆင်ရေး ငါးအိုးမှာ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီကို ထောက်ခံကြောင်းနဲ့ အမြန်ဆုံးပြင်ဆင်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာမှာ ဒေသခံအင်အား ၅၀၀ ခန့်နဲ့ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြောင်း ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာမှာ ဆန္ဒပြခဲ့စဉ် Photo: Khaymani Win/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော် မတီကို ထောက်ခံကြောင်းနဲ့ အမြန်ဆုံးပြင်ဆင်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာမှာ ဒေသခံအင်အား ၅၀၀ ခန့်နဲ့ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြပွဲတွေကို နေရာတချို့မှာ ဒီရက်ပိုင်းအတွင်း ခပ်စိတ်စိတ်ပြုလုပ်လာပြီး လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီက ပါတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

လက်ရှိအခြေနေနဲ့ မကိုက်ညီတဲ့အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ်၊မဘိမ်းမြို့နယ်က  လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ ရှမ်းပြည်နယ်က ဒေသခံတွေသာမက စစ်ကိုင်းတိုင်း ကသာမြို့နယ်က ဒေသခံတချို့လည်း ပါဝင်ခဲ့ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မဘိမ်းမြို့နယ်မှာ ဆန္ဒပြတာ ပထမဆုံးအကြိမ်ဖြစ်ပြီး လိုအပ်ရင် ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို  RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org