မြောက်ဥက္ကလာမှာ ဆန္ဒပြလူငယ် ၂ဝဝ နီးပါးဖမ်းခံရ
2021.03.10
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၁၀ ရက် ဒီကနေ့မှာ ထပ်မံပစ်ခတ် ဖြိုခွဲခဲ့ပါတယ်။
သေနတ်ကျည်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲခဲ့တာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့သူတွေရှိပြီး ဆန္ဒပြလူငယ် ၂၀၀ လောက်ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ သေဆုံးသူ ရှိ၊မရှိတော့ မသိရသေးပါဘူး။
ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ကန်သာယာပန်းခြံထဲမှာ စုဝေးထိုင်ခိုင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။
လက်ရှိ ညနေ ၄ နာရီခွဲလောက်ထိ မြောက်ဥက္ကလာပမြို့နယ်ထဲမှာ ဆက်လက်ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။